အပိုင်း(၁၉)

68.8K 7.2K 167
                                    

သူရှိနေမည့် Unitထဲ သွားရမည့်လမ်းစကမမြင်
ရင် သူလာလား မလာလားလည်းသွားကြည့်ဖို့
သတ္တိကလည်း ကမ်းမမြင်။
ခုထိနေမကောင်းသေးတာလား? ကျတော်
မုန့်ကျွေးမယ်လို့ ပြောထားရဲ့သားနဲ့တော့ Bro
တစ်ယောက် မလာနိုင်ပဲ မနေနိုင်ပါဘူး။

ဆယ်နာရီ။ ဆယ့်တစ်နာရီ။ အဟာရဒါနအလှူ
ရှိ၍ သွားတန်းစီနေကြသူတွေပင် စီနေကြပြီ။
ကျတော်ဖုန်းဆက်ရကောင်းမလား?? နေပါအုံးကွာ။ သူက အကြီးပဲ သူအရင်ဖုန်း
ဆက်ပေါ့။
သူစားချင်တဲ့လူပဲလာခဲ့ပေါ့။ကျတော်က သွားပင့်ရအောင် ရေငန်ပိုင်ဦးရှင်ကြီး လဲ မဟုတ်။
မသွားဘူး။

"ကိုနိုး"

ကျတော်တာဝန်ယူထားသော ကလေးသည်
မယောင်မလည်နဲ့ ဘေးနားလာရပ်ပြီး ပုဆိုးစ
လာဆွဲပြီး မျက်နှာငယ်နဲ့ မော့ကြည်သည်။
၈နှစ်ပေမယ့် ထင်သလောက်မဖွံ့ဖြိုး၍ ကျတော့်
ခါးလောက်ပင်မရှိ။
လက်ထဲမှာလည်း သူ့ဘွားအေဖြစ်သူရေနွေးထည့်
သောက်တဲ့ ကြွေရည်သုတ်မက်ခွက်အဖြူ
်ကြီးကိုင်ထားသေး၏။

"ဘာတုန်း"

"သား ဆန်ပြုတ်စားချင်လို့..."

အလှူရှင်တွေလာရောက်လှူဒါန်းသည့် ဘဲသား
ဆန်ပြုတ်နံ့က ဒီဖက်ထိပြန့်မွှေးနေသည်။
နှုတ်ခမ်းအောက်နားကိုလည်း လျှာနဲ့သပ်ပြနေ
သေး။ မျောက်မူးလဲလေး ဥာဏ်များနေတာ။
လက်သာကျိုးတာ တစ်ချက်မှ အငြိမ်မနေဘူး။
ဆော့လွန်းလို့ ထိန်းရသေး၏။ ခုလည်း ဘွားအေ
ကြီးဆေးသွားဝယ်နေတုန်း ခွက်တစ်လုံးဆွဲပြီး
ရောက်လာတာ။ ပြောသာ ပြောသာ စိတ်ထဲမှာ
တော့ တူးခါးမနေပါဘူး။

"ပေး ခွက်။ ကိုယ့်ခုံမှာကိုယ်စောင့်နေ"

မက်ခွက်ကြီးကိုင်ပြီး သူတို့အဆောင်ရှေ့ ဆန်ပြုတ်ဝေနေသည့် နေရာတွင် တန်းစီဝင်
ရပ်နေရင်း အဆောင်ထဲ လည်ပင်းဆန့်
ကြည့်တော့ Duty coat အစအရိပ်အယောင်
လေးပင်မတွေ့။

"ခုနက အိမ်ပြန်သွားရတဲ့ ဆရာလေး ဘယ်လို
နေလဲမသိ?"

ရှေ့တွင်တန်းစီနေသော အဒေါ်ကြီးနှစ်ယောက်
ပြောနေသည်ကို အာရုံစိုက်နားထောင်နေလိုက်
သည်။

NO Where stories live. Discover now