အပိုင်း(၈-၁)

83K 7.8K 183
                                    

တစ်ဖက်ကမ်းကပ်သည်နှင့် အဆင့်စောင့်ဆိုင်းနေ
သော Hiluxကားလေးတွေ။ ရန်ကုန်ဖက်မှာ
သိမ်းပြီး ဒီမှာလာထားကြတာကိုး။

"ကဲ ကဲ တက်ကြ တက်ကြ။ ကိုယ့်လူကိုယ်စစ်
မယ်။ လှေတစ်စီးကို တစ်ကား...ပြည့်ရင်ထွက်
မယ်"

ဖြစ်ချင်တော့ ကျတော့်တို့ ကားပေါ်တွင် ယောကျာ်းလေးဆိုလို့ ကျတော်တစ်ယောက်
တည်း။ ယောကျာ်းလေး ပီပီ အဝထောင့်စွန်းလေး
တွင်သာ အပြင်ဖက်ကို ခြေတွဲလဲ ချထိုင်ထားရ
သည်။ ကားက ကျဉ်း လူကလည်း များတာကိုး

"စုံပြီလား?"

ကျတော်တို့ကားအောက် Mask တစ်ထုပ်ကိုင်
လျက် မေးလာသူကို ငုံ့ကြည့်မိတော့ ပြန်ကာ
မော့ကြည့်ရင်း ပြုံးပြလိုက်လားမသိမျက်မှန်
အောက်က သူ့ မျက်လုံးတို့ မှေးကျဉ်းသွားသည်
တွန့်ကွေးသွားမည်ဖြစ်သော နှုတ်ခမ်းတို့အား
ကျတော်မမြင်လိုက်ရ။

" မိုးရွာထားလို့လှည်းလမ်းတွေမှာဗွတ်တွေ
ထတတ်တယ်။ Maskတွေတပ်ထားကြပါခင်ဗျ"

Mask အုပ်ထားသော်လည်း ယဉ်ကျေးသော
စကားလုံး အသုံးအနှုန်းတွေ ၊သန့်ပြန့်သေသပ်စွာ ဝတ်စားထားသောသူသည် ကျတော့်လက်ထဲသို့ အပြာရောင်မျက်နှာသုတ်ပုဝါကိုပါ ထည့်ပေး၏။

မယူဘူး ဟူ၍ မငြင်းနိုင်ခင် ရှေ့ကားစီသို့တက်
သွားခဲ့ပြီ။ ကျတော်တို့ ရှေ့က ထွက်သွားသော
သူတို့ကားတွင်တော့ ယောကျာ်းတွေချည်းသာ...

"ဘာလား မျက်နှာသုတ်ပုဝါက နင့်ပဲပေးသွားတာ
လား?"

ဖြိုးကြီး၏ မကျေမလည်အစာနင်သံ။သူသည်လည်းကျတော်နဲ့မျက်နှာချင်းဆိုင် ထောင့်
ခုံတွေထိုင်နေတာပင်။ ကျတော်က လက်ထဲမှ ပဂါကို ပေးတော့နေပါစေဟုဆိုကာ Hoodieနဲ့သာ ကာထားသည်။

သူပေးသွားသော ပုဝါပိုင်းသည် ကားဝင်ရိုး
ကျိုးကျမတတ် ကြမ်းသော ခရီးတစ်လျှောက်
လွန်စွာ အသုံးတည့်လျက်ရှိ၏။Maskအုပ်ထားတာတောင် လာရောက်စင်သော ရွှံ့စက်တို့အားအတော်အသင့်ကာကွယ်ပေးထားနိုင်သည်။

ရွာလေးသည် သီးခြားဖြစ်တည်နေသကဲ့သို့ရှိ၏
ခုထိ လျှပ်စစ်မီးမပြည့်အဝမရသေး။ ရသည့်လျှပ်
စစ်သည်ကား မီးချောင်းလင်းနိုင်ရုံ ဗို့ အားသာ
ရှိသည်တဲ့။

NO Место, где живут истории. Откройте их для себя