အပိုင်း(၄)

87.2K 8.4K 256
                                    

တိုးဂိတ်ကို ကျော်သည်နှင့် ရန်ကုန်ဆိုသည့်
အငွေ့အသက်အား ရှုရှိုက်ခွင့်။ လမ်းမီး
ဝါကြင်ကြင်တွေ။ စီးနင်းလာသော Highway
Expressကားနဲ့အပြိုင် မောင်းနှင်နေကြသော
ကားရောင်စုံ။
ညလယ်သန်းခေါင်ချိန်ဖြစ်နေသည့်တိုင် မှော်ဘီ
နားတစ်ဝိုက်တွင် ဟိုတစ်စဒီတစ်စ လင်းနေသော
လမ်းဘေးစားသောက်ဆိုင်လေးတွေ အစီအရီ
သည် ညမှောင်မှောင်အောက် တိတ်တိတ်ဆိတ်
ဆိတ်။
တော်သေးတယ် ကားပိတ်သည်ဟု ဂုဏ်သတင်း
မွှေးနေသော ရန်ကုန်မြို့၏ ညလယ်ခင်းလမ်းမ
ကြီးတွေက ငြိမ်ငြိမ်သက်သက်ရှိပေလို့
မဟုတ်ပါက မန်းလေးသားတစ်ပိုင်းဖြစ်ခဲ့သော
ကျတော့်အတွက် ဘယ်သို့မှ ကားပိတ်သည့်
ဒဏ်ကို ခံနိုင်မည်မဟုတ်။
ရန်ကုန်မြို့သည် ကျတော့်အား တိတ်ဆိတ်ခြင်း
ဖြင့် လှိုက်လှဲစွာကြိုဆို၏။
ဘေးဖက်ခုံမှ ဦးလေးကြီးသည်လည်း ငိုက်မြည်း
လျက် လိုက်ပါလာသည်။ ကားအတွင်း
မီးမှိန်မှိန်အောက် အားလုံးလိုလိုငိုက်မြည်း
နေကြသည်။
ကျတော်တစ်ယောက်တည်းသာ စိတ်လှုပ်ရှားမှု
အရင်းခံကာ လက်မှ ပရိတ်ကြိုးနီရဲရဲကိုသာ
ကြည့်ရင်း တစ်ကိုယ်တည်းပြုံးမိသေး၏။
အချိန်တွေက အကုန်မြန်တယ်မဟုတ်ပေမယ့်
တော်တော်တော့ ကြာခဲ့ပြီ။
၇နှစ်တာ ရန်ကုန်မြေကို စွန့်ခွာခဲ့ရသော အချိန်
တလျှောက်လုံး တစ်နေ့ ဆိုသည့် စိတ်နဲ့ဖြတ်သန်း
ခဲ့ရတာ။
ခုတော့ အဲ့နေ့ကို မကြာခင်ရောက်လာတော့မည်
ရန်ကုန်မြေတွင် ကျတော့် နေ့သစ် လေးရှိသည်။

မုန့်မပေးချင်၍ ပတ်ပေးခဲ့သော ဤပရိတ်ကြိုးနီ
နီလေးသည် အဆောင်တစ်ခုဆိုတာထက် ပိုခဲ့မယ်လို့ အဲ့အချိန်က မထင်ခဲ့ရိုးအမှန်။
ထိုင်းမှိုင်းမှိုင်းစိတ်နဲ့ အိမ်ပြန်လာသည့် ကျတော့်
အား နယ်နှင်ရာဇသံနဲ့စောင့်ကြိုနေခဲ့သော မိဘ
တွေ။
ရန်ကုန်မှာ ထားပါက ကူးစက်ရောဂါပိုးကူးမည့်လူ
ပမာ မန္တလေးမှ ဘကြီးဆီသို့ပို့ကြတော့သည်။
ငြင်းဆိုခွင့်မရှိ။
တစ်ဦးတည်းသောသား ဖြစ်လျက်နဲ့ ကျတော်ထို
ကဲ့သို့ ဖြစ်နေခြင်းအပေါ် မျိုးရိုးအတွက် မိုးနတ်
မင်းက ဒဏ်ခတ်တာ ဘာညာနဲ့ မေမေက တငိုငို
တရီရီ။
နောက်ဆုံး ခေါင်းငုံ့ရင်းနဲ့ မွေးဌာနီကို စွန့်ခွာခဲ့
သည်။ မိန်းကလေးတွေကို ခံစား၍ မရဘူးဟု
ဆိုခဲ့သော်လည်း ယောကျာ်းလေးတွေကိုလည်း
ရန်မခုန်။ စိတ်ညစ်ညူးနေချိန်တိုင်း လက်မှ ကြိုးနီ
နီကို ကြည့်ရင်း ပြုံးမိတတ်လာတဲ့နေ့တွေ။
သွားညှိစက်တွေစီတန်းလျက် ရယ်ပြတတ်သော
မျက်နှာသေးသေးလေး။ ရင်ခွင်ထဲ တအီအီနဲ့
တစ်ညတာ ခိုဝင်ခဲ့ဖူးသူကိုသာ သတိတရရှိတတ်
လာသည်။
ရေလာစေရန်မြောင်းဖောက်ခံရသောအခါတွေ
တိုင်း ဘာမှမဆိုင်ပါပဲ လက်မှကြိုးက ကန့်သတ်
ချက်ရှိနေသည့်နှယ်
ကျတော်ကပဲ ပိုင်ရှင် ရှိပြီးသားသူလိုလို
ထင်ယောင်ထင်မှားဖြစ်စေတတ်စေခြင်းဖြင့်
ဘယ်မြောင်းမှ မဖောက်စေသလိုဘယ်ရေမှလည်း ကိုယ့်ဖက် မစီးစေဖြစ်ခဲ့တော့။
မျက်မှန်နောက်က မျက်လုံးဝိုင်းတွေက
ဟင်း နော် ဆိုပြီးသတိပေးနေသည့်
အလား အဝေးကနေ သြဇာသီးတွေတင်ပို့ခဲ့သည်
မတွေ့ရတာ နှစ်ချီနေပြီပဲ။ နောက်ပြီး ကျတော်နဲ့
ဆုံတွေ့စဉ်က တကယ့်ကလေးပေါက်စလေး။
ဒါကိုများ ဘာလို့များပါလိမ့်လို့ ဇဝေဇဝါအဖြေ
ထုတ်ကြည့်တော့ ဘုရားပါ တ သွား ရတော့၏

NO Where stories live. Discover now