အပိုင်း(၃၅)

61.7K 6.1K 345
                                    

"နိုးနိုး ...သားငယ်...နိုးနိုး"

မေမေစိုးရိမ်တကြီးခေါ်ပေမယ့် ကျွန်တော်ပြန်မ
ထူးနိုင်။ မနေ့ညကတည်းက လူက အိပ်တစ်ဝက်နိုးတစ်ဝက်။ ငိုရလွန်းလို့ မောပြီးမှေးခနဲဖြစ်သွားလိုက် အိပ်မက်ဆိုးတို့နှင့် ဆက်ခနဲပြန်နိုးလာလိုက်... ပြန်မြင်ယောင်မိတိုင်း စိတ်ကူးထဲပေါ်လာချိန်တိုင်း စူးခနဲ
အောင့်တက်လာသော ဝေဒနာကို
လူးလှိမ့်ကျိတ်ခံလိုက်ဖြင့် ကျွန်တော်တကယ်
ပင်ပန်းနေပြီ။ ကျိန်းစက်နေသော မျက်သား
တို့ကြောင့် မျက်လုံးဖွင့်ဖို့ပင် ခက်ခဲနေ၏။

မျက်လုံးတွေလည်းမမှိတ်ရဲ။ မှိတ်လိုက်၍ အိပ်
ပျော်သွားပါက အိပ်မက်ထဲမှာ တကယ်ဖြစ်ပျက်
နေသလို နှိပ်စက်ဦးမည်။

အသိစိတ်ကပ်နေချိန်ဆို ဇာတ်ကွက်ထဲမှ ကောင်
လေးကို မြင်ယောင်ပြီး အိပ်ပျော်မိသွားချိန်
REM stageရောက်သွားတိုင်း မြင်မက်လာ
သည့် အိပ်မက်အပိုင်းအစများတွင်တော့ ထို ကောင်လေးနေရာတွင် ကျွန်တော်ကိုယ်တိုင် ဖြစ်နေခဲ့၏။

ကျွန်တော်ကြောက်သည်။ နိုးထလာချိန်တောင်
တဆက်ဆက်တုန်ယင်နေလောက်တဲ့ထိ
ကျွန်တော်တုန်လှုပ်သည်။
ဒီညဟာ ကျွန်တော့်ကျခံနေရသော ငရဲငယ်ပင်။

"နိုးနိုး...နိုးနိုး...ကိုကြီးဝင်လာပြီနော်"

မေမေပါမလာ။ လိုက်ကာစထူထူများကို ထိုး၍
မဖောက်နိုင်သော နေရောင်ကြောင့် ကျွန်တော့်
အခန်းသည် အေးစိမ့်ကာမှောင်နေသော လှိုဏ်
ဂူငယ်လိုဖြစ်နေ၏။

"နိုးနိုး~~"

ဒီမှောင်မဲအေးစိမ့်နေသော အခန်းထဲတစ်ခုတည်း
သော အနွေးဓာတ်ကဲ့သို့
ကြင်နာနွေးထွေးနေသော အသံ။ သူ့လူနာ
တွေနဲ့မှ ကြားရတတ်သောအသံမျိုး...
လှိမ့်ဆင်းကျလာသော မျက်ရည်တစ်စကို ကြင်
ကြင်နာနာသုတ်ဖယ်ပေးသည်။

"ကိုကြီး ဒီလိုလုပ်မှ ဖေဖေတို့ မေမေတို့ စိုးရိမ်
နေတာကို ညီ သိမှာမို့လို့ လုပ်လိုက်ရတာ
အခုရော နာနေသေးတာလား နိုးနိုး"

ဗိုက်ပေါ်တင်ထားသော ကိုကြီးလက်နွေးနွေး။
ဒါတွေကြောင့်လား? ဒါတွေကြောင့် တစ်ခါမှ
မရွယ်ဖူးတဲ့ လက်တွေနဲ့ ကျွန်တော့်ကိုရွယ်ပြီး
တားမြစ်နေကြတာလား?
ရှက်ဖို့ကောင်းလိုက်တာ...ကျွန်တော်ဟာ
ဖေကြီးပြောသလို ရှက်ရကောင်းမှန်းမသိခဲ့တဲ့
ကောင်ပဲ။

NO Where stories live. Discover now