Chapter-2

14.1K 1.2K 75
                                    

Zawgyi
 

          *******
ဲု့်လှပ​သောနံနက်​ခင်းတစ်​ခုဟာ အဓိပ္ပါယ်​မဲ့စွာ တည်​ရှိခဲ့​တော့ ကျွန်​​တော်​မနှိုးထချင်​​မိ။
မ​နေ့က ပြီးခဲ့သော မင်္ဂလာပွဲဟာ ရင်​အတွင်း၌ ရုပ်​ပျက်​ဆင်းပျက်​နိုင်​လွန်းသည်​။
သူမကို ချစ်​လွန်းခဲ့​တော့ ရူးသွပ်​မိသည်​။
သူမချစ်​ရသူကို ပိုင်​ဆိုင်​ဖို့ ကြိုးစားခဲ့တာ အမှားတစ်​ခုလား။ အင်း....ချိုမြိန်​​သော အမှားတစ်​ခု။
ကိုယ့်​အ​ပေါ်သက်​​ရောက်​ခြင်း တစွန်းတစမရှိတဲ့ အချစ်​ကို အဆုံးရှုံးခံနိုင်​သူလည်း မဟုတ်​ခဲ့။
တောင်းပန်​တယ်​....သူမအတွက်​ ကျွန်​​တော့်​ရဲ့ ​နောက်​ဆုံးစကား။

အိပ်​ရာ​ဘေးသို့ ​စောင်းငဲ့ကြည့်​စဉ်​ လွတ်​လပ်​​နေ​သော ​နေရာတစ်​ခု။ အိပ်​ရာထသွားပြီ ထင်​ပါရဲ့။ ​ရေချိုးခန်းတံခါးမှ အသံကြားရာ ကြည့်​လိုက်​​တော့ ​တွေ့ရပါပြီ ကြည့်​မရ​သော မျက်​နှာ။ တစ်​ခန်းထဲ အတူ​နေဖို့ ဆုံးဖြတ်​မိတာ အခုမှ ​နောင်​တရချင်​လာသလို။
နောက်​ဆို မနက်​တိုင်း ဒီမျက်​နှာကြီး မြင်​​နေရ​တော့မှာ။ အိပ်​ရာမှ ထလိုက်​ရင်း သူ့ကို တစ်​ချက်​ပင်​မကြည့်​ဘဲ ​ရေချိုးခန်းဆီ။

အထဲမှာပြန်​ထွက်​လာ​တော့ မှန်​​ရှေ့မှာ ​သေချာစွာ ဖြီးလိမ်းပြင်​ဆင်​​နေ​သော ထိုအ​ကောင်​​ကြောင့်​ အနည်းငယ်​​ အံ့အားသင့်​မိ။
ကျွန်​​တော်​နှင့်​ဆိုင်​သည့်​ ကိစ္စမှ မဟုတ်​။
ရေစို​နေ​သော ​ခေါင်းကိုသာ သုတ်​ရင်း ၀တ်​ရမည့်​ ၀တ်​စုံကို ​ရွေးထုတ်​​နေသည်​။
အခန်းတံခါးကိုဖွင့်​ကာ အပြင်​သို့ ထွက်​ရန်​ရွယ်​​နေ​သောသူကို လှမ်း​မေးမိ​သေး။

"ဒါက ဘယ်​လဲ"

"Company ​ပေါ့"

Shit!!!! ​မေးမိပြန်​ပြီ ဒီပါးစပ်​ကြီးက သူ့သူ ဘာလုပ်​လုပ်​​ပေါ့။ ဒါနဲ့ သူ ဘယ်​ကိုသွားမယ်​လို့ ​ပြောလိုက်​တာ 'Company'။

"မင်းအ​ဖေမင်းကို မ​ပြောထားဘူးလား"

ရှပ်​အင်္ကျီကြယ်​သီးများကို တပ်​​နေရင်း ​ပြော​နေ​သော ကျွန်​​တော့်​စကားကို အထူးအဆန်းသဖွယ်​ ကြည့်​​နေ​သော ထို​ပေါက်​စန​ကောင်​။

Comes To You Onde as histórias ganham vida. Descobre agora