Chapter-12

10.7K 921 50
                                    

Zawgyi
******

လှပသည်​။
နူးညံ့သည်​။
ပြောင်းလဲခြင်းက အရာရာကို လှပ​စေသည်​။

ထမင်းစား​ပွဲ​မှာအကျအနထိုင်​ကာ လှုပ်​စိလှုပ်​စိနှင့်​ ​သေး​သေး​ညှပ်​ညှပ်​အ​ကောင်​​လေးအား စိုက်​ကြည့်​​နေမိသည်​။ သူလုပ်​​ပေးချင်​ပါသည်​ဟု ဆိုကာ ထမင်းလိပ်​ဆိုလား ​လုပ်​​ပေး​နေသည်​။
ဘယ်​လိုလာမယ်​မသိ​သော အရသာအား ​စောင့်​​မျှော်​​နေမိသည်​။

လှုပ်​တုပ်​လှုပ်​တုပ်​နှင့်​ ထိုက​လေးအား အ​နောက်​မှကြည့်​ကာ စိတ်​ထဲ ကလိကလိ။
သခွားသီးကိုအခွံနွှာကာ သီချင်း​လေး တညီးညီးလုပ်​​နေသူက အခွံ​လေး​တွေကို ကြည့်​ပြီး ပြုံးလိုက်​ရယ်​လိုက်​နှင့်​ ဆို​နေ​သေးသည်​။
ရင်​ထဲကို ၀ုန်းဒိုင်းကြဲ​အောင်​ လုပ်​နိုင်​တဲ့ ထိုက​လေးရဲ့ က​လေးမဟုတ်​ လူကြီးမကျ ​​ဆော့​နေပုံကိုက ဒီလူကို အသက်​ရှူမ၀​စေလို။

တင်​​လေးကိုခါရမ်းပြီး လက်​ကဓားတစ်​ဖက်​ ​နောက်​တစ်​ဖက်​က ဓားဖြင့်​လှီးထား​သော သခွားသီးအပိုင်းများကိုကိုင်​ကာ တအို့အို့က​နေ​သေးသည်​။ မျက်​လုံး​လေး ​ပေကလပ်​ ​ပေကလပ်​နှင့်​ ကျွန်​​တော့်​မှာ တံ​တွေးကိုသာ ကြိတ်​ကြိတ်​မြိုချရသည်​။
ထိုက​လေးထံ မကြည့်​မိရန်​ မျက်​လုံးကိုလွှဲကာ
စားပွဲ​ပေါ်မှ ​ကော်​ဖီ​အား အာရုံစိုက်​ကာ ​မွှေ​နှောက်​​နေလိုက်​သည်​။
အလိုက်​မသိတတ်​​သော မျက်​လုံးတို့က ​ရောက်​သွားပြန်​ပါပြီ ထိုတစ်​​ယောက်​ထံ။

ခြေသံရှပ်​ရှပ်​နှင့်​ အ​နောက်​မှာရပ်​လိုက်​ရင်း ခါးသိမ်​သိမ်​​လေးထက်​မှာ လက်​တို့ကို သိုင်းယှက်​ပြီး အ​နောက်​ဘက်​မှ ဖက်​လိုက်​​တော့ အင့်​ခနဲ ​ပေါက်​စန​လေးထံမှ အသံ​သေး​သေး ထွက်​လာသည်​။ ဒီက​လေးနား ​ရောက်​သည်​နှင့်​ ရင်​ထဲမှာ စစ်​ဖြစ်​​နေသလို တအုန်းအုန်း တဒိုင်းဒိုင်းနှင့်​မို့။ ​​နွေး​ထွေးလွန်း​နေ​သော နှစ်​​ယောက်​ကြားမှ ကိုယ်​အပူချိန်​ဟာ အီ​ကွေတာမျဉ်း​ပေါ် ​ဖြတ်​​လျှောက်​​နေသလို။

"Jung Kook....ဖယ်​ ဖယ်​အုံး​လေ"

ခန္ဓာကိုယ်​ကို အနည်းငယ်​ တွန့်​ခါကာ အ​နောက်​မှ သူ့ကို သိုင်းဖက်​ထား​သည်​ကို ရုန်းကန်​​နေသည်​။ ကျွန်​​တော့်​ထက်​နိမ့်​​သော ပုခုံးသား​လေး​ပေါ် ​မေးတင်​ချလိုက်​​တော့ တိခနဲငြိမ်​သက်​သွား​သော ခန္ဓာကိုယ်​ငယ်​​လေး။
လည်​ပင်းနှင့်​ဂုတ်​သားနား​လေးသို့ ​မေး​စေ့​လေးနှင့်​ ပွတ်​ဆွဲကာ ကြိတ်​ထိုး​​တော့ တွန့်​လူး​နေသည်​။

Comes To You Where stories live. Discover now