Chapter-8

12.8K 1K 64
                                    

Zawgyi
******

နတ်​သက်​​ကြွေဆင်းသည်​ဟု တင်​စားရ​လေမလား ​ကောင်​​လေး။
ပြည့်​စုံလွန်းသည်​မို့ ဒီတိုင်း​လေး ​ငေးကြည့်​ချင်​​နေခဲ့တာ။ မထိရက်​မကိုင်​ရက်​ ဖြူနုနု​ကောင်​​လေးက ရင်​ခွင်​ထဲ တိုးဝင်​အိပ်​​နေသည်​မို့ ထိန်းချုပ်​နိုင်​စွမ်းမဲ့ ​နေ​သော ရင်​ခုန်​သံတို့အား ကြားသွား​လေမလား။ အလှကြည့်​ဖို့​ကောင်းလွန်း​သော ပန်းတစ်​ပွင့်​အား ​ကြွေမှာစိုး၍ ​ခြွေခဲ့ဖူးသည်​။
အချစ်​ဟု မဆိုနို​င်​​လေ​သော စိတ်​ခံစားမှုတစ်​ခုကို
ခပ်​လွယ်​လွယ်​ဖြင့်​ ချစ်​သည်​ဟု မထင်​​စေချင်​​။
ရင်​ခွင်​ထဲ ​ခေါင်းတိုးကာ နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေ​သော ​သေးညပ်​ညပ်​ ​ကောင်​​လေးသည်​ ခါးများကို တင်းကြပ်​စွာ ဖက်​တွယ်​ထား​သေးသည်​။ ရှုပ်​ပွ​နေ​သော ဆံသား​လေးများနှင့်​ ခပ်​ရဲရဲဖြစ်​​နေ​သော နှာထိပ်​​လေးနှင့်​ မှဲ့က​လေး။
စိတ်​ချပါ မချစ်​​ပေမယ့်​ မမုန်း​တော့ပါ။

တလှုပ်​လှုပ်​နှင့်​ ရင်​ခွင်​ထဲမှ ​ဖွေးစုတ်​စုတ်​ ​ကောင်​​လေးဟာ နှိုးလာခဲ့သည်​။
မျက်​လုံးကို ဟိုပွတ်​ဒီပွတ်​နှင့်​ ၀ါးခနဲ သမ်းချလိုက်​​သေး။ လက်​ကိုကျွန်​​တော့်​ခါး​ပေါ် ပြန်​ချကာ အိပ်​မည်​အပြု တစ်​ခုခုကို သတိထမိသွားဟန်​။ မျက်​လုံးပြူးမျက်​ဆံပြူးနှင့်​ ကြည့်​ကာမှ ကျွန်​​တော့်​ကို မြင်​​လေသည်​။

"Jeon Jung Kook မင်း...မင်း"

လက်​ညှိုးကြီးတထိုးထိုးနှင့်​ ​စောင်​ကို သူ့ရင်​ဘတ်​ထိလုံ​အောင်​ ဆွဲခြုံလိုက်​သည်​။
ရော်​....ရှက်​​နေ​သေးတယ်​ အကုန်​မြင်​ဖူးပြီးပါပြီကွာ။

"မင်း တအားယုတ်​မာတယ်​"

"ဟင်​!!! ငါက ဘာယုတ်​မာလို့လဲ မင်းလည်း လက်​ခံတာပဲ​လေ"

ပြာကျ​လောက်​တဲ့အကြည့်​​တွေဟာ ကျွန်​​တော့်​ဆီ တန်းခနဲ။ ​စောင်​ပုံကြားထဲမှ ကွက်​တီးကွက်​ကြား​ပေါ်​နေ​သော ပုခုံးသား​ပေါ်မှာ ကျွန်​​တော်​​ပေးထား​သော အမှတ်​အသားများနှင့်​။

Comes To You Where stories live. Discover now