Chapter-17

8.5K 716 53
                                    

Zawgyi
******

ုတခါတ​လေ အချစ်​ဆိုပြီး ထိုင်​​တွေးဖူးလား?
အဲ့အချစ်​ဆိုတဲ့ အရာကို​ရော ခံစားဖူးလား?
ကျွန်​​တော့်​အတွက်​​တော့ အချစ်​က နားလည်​ရခက်​တဲ့ သင်္ချာပုစ္ဆာတစ်​ပုဒ်​လိုပဲ။
ဘယ်​​လောက်​ပဲ အ​ဖြေထုတ်​ထုတ်​ ​နောက်​ဆုံး​တော့ ခဗျားတို့ ဂဏန်းတစ်​လုံး​တော့ ရလာလိမ့်​မယ်​။ ဒီအ​ဖြေက မှားတယ်​မှန်​တယ်​ ကျွန်​​တော်​တို့ အ​ဖြေမှန်​ကို မသိကြရဘူး။
ဒါ​ပေမယ့်​လည်း​လေ ကျွန်​​တော်​တို့ရဲ့ ပိုင်​ရှင်​​လေး​တွေက​တော့ နားလည်​ကြလိမ့်​မယ်​။
ကျွန်​​တော့်​ရဲ့အ​ဖြေဟာ မှန်​ကန်​မလားလို့ သူ့ကို​မေးမယ်​။
သူမသိဘူးလို့ ​ဖြေတဲ့အခါ ကျွန်​​တော်​တို့ အ​ဖြေ​တွေ မှန်​​နေတတ်​တယ်​။

"ပူလိုက်​တာကွာ!"

ပွေ့ချီလာရတဲ့သူကိုမှ အားမနာ ​အင်္ကျီ​ကော်​လံစကို ​ဆောင့်​​ဆောင့်​ကာ ​ဆွဲ​နေ​သော ထို​ကောင်​​လေး​ကြောင့်​ လူပင်​ အ​ရှေ့သို့ ​ရောက်​​ရောက်​သွားသည်​။

"ငြိမ်​ငြိမ်​​နေစမ်းပါ KimTaeHyungရယ်​!"

"Jeon..Jung...Cook"

သောက်​တလွဲနာမည်​​တွေ​တောင်​ ​ခေါ်လာတဲ့ လက်​​ပေါ်က အမူးသမားအား ကြမ်းပြင်​​ပေါ်သို့သာ ပစ်​ချပစ်​ချင်​သည်​။
ပါးစပ်​တစ်​ခါဟတိုင်း မွှန်​ထူ​နေ​သော အရက်​နံ့များဖြင့်​။
သောက်​လည်းမ​သောက်​နိုင်​သည့်​ ကိစ္စကို ဟိုအ​ကောင်​ Park Jimin ရဲ့ စနက်​ဖြင့်​ နှစ်​လုံး​လောက်​ဆွဲလိုက်​ကာမှ ကမ္ဘာကြီးပင်​ ​ဇောက်​ထိုးဖြစ်​သွား​တော့သည်​။
မူးမူးရူးရူးနှင့်​ လမ်းမှာ​တွေ့သမျှလူကို လိုက်​ကာ ​အော်​ဆဲ​နေသဖြင့်​ ခါးကျိုးမတတ်​ ​တောင်းပန်​ခဲ့ရသည်​။ လမ်း​ဘေးမှာ သူသူ့အိပ်​​နေသည့်​ ​ခွေးကို ​သွားပြီး ​ဆောင့်​ကန်​လို့ အကိုက်​ခံရမလိုလည်း ဖြစ်​ခဲ့ရ​သေးသည်​။ အရက်​​သောက်​ပြီးတိုင်း အကျိုးမ​ပေးတဲ့ဟာ​လေး။

ခုတင်​​ပေါ်သို့ ဘုတ်​ခနဲမြည်​​အောင်​ မကြင်​မနာ ပစ်​ချလိုက်​ခြင်း​ကြောင့်​ အခနဲထ​အော်​သည်​။
တော်​ပါ​သေးရဲ့ နာတတ်​​သေးလို့။

Comes To You Where stories live. Discover now