Chapter-10

11.9K 974 52
                                    

Zawgyi
******

တကျွိကျွိ တညံညံနှင့်​ စတင်​​သော ကျွန်​​တော့်​မနက်​ခင်း​လေးသည်​ သိပ်​ကို ကျက်​သ​ရေရှိလှသည်​။ အိပ်​ရာမနိုးခင်​အထိပင်​ အခန်းထဲဝင်​လိုက်​ ထွက်​လိုက်​ အလုပ်​ရှုပ်​​နေ​သော ​ပေါက်​စန​ကောင်​​ကြောင့်​ အိပ်​​ကောင်းခြင်းမအိပ်​ရ။ မနက်​လည်း အ​စောကြီးထကာ ဘာလုပ်​​နေလည်းမသိ။

"နိုးရင်​လည်း ထ​တော့​လေ"

ခုတင်​​ခြေရင်းမှာ ခါး​ထောက်​ကာ ရပ်​​နေ​သော သူမှာ ဘယ်​အချိန်​ထဲကမှန်း ထို​နေရာမှာ ရှိ​နေလည်းမသိ။ ဟီးဟီး ဆိုပြီး သွားအကုံးလိုက်​​ပေါ်​အောင်​ ဖြီးပြ​နေ​သော မျက်​နှာ​ကြောင့်​ မျက်​လုံးကို ဟိုပွတ်​ဒီပွတ်​ကြည့်​လိုက်​မိသည်​။ က​ယောင်​ကတန်းများ မြင်​​နေမိသလားလို့။
မတ်​တပ်​ကြီးနဲ့ ပြုံးပြုံးကြီး။

"နိုး​နေတာ ကြာပြီလား?"

"အင်း ငါ ဒီ​နေ့ အ​​စောကြီးထတာ ​အောက်​မှာ​တောင်​ စားဖို့အဆင်​သင့်​ဖြစ်​​နေပြီ"

ကျွန်​​တော်​အိပ်​မက်​​တွေများ မက်​​နေတာများလား။ စကား​ပြော​တွေကအစ သိမ်​​မွေ့နူးညံ့​နေလိုက်​တာ။ ကျွန်​​တော်​ အိပ်​မက်​မက်​​နေတာပါ။
မျက်​လုံးကြီးကိုမှိတ်​ ​ခေါင်း​တွေကိုသာ ဇွတ်​​ခါနေမိသည်​။

"​ပေါ​ကြောင်​​ကြောင်​နဲ့"

ကျွန်​​တော့်​အားအရူးတစ်​​ယောက်​လိုကြည့်​ကာ
နှာ​ခေါင်းရှုံ့ပြီး ထွက်​သွား​လေသည်​။
အိပ်​မက်​​တော့ မဟုတ်​ခဲ့ပဲကိုး။
ခပ်​သွက်​သွက်​ အိပ်​ရာမှထကာ ​ရေချိုးပြီး ​အောက်​ဆင်းခဲ့သည်​။

"အ​ဒေါ်ကြီး ကျွန်​​တော်​လုပ်​ထားတာ ​ကောင်းတယ်​မလား ဟီး"

"ဒါ​ပေါ့ TaeTae​လေးက ​တော်​လိုက်​တာ"

ပေါင်​မုန့်​မီးကင်​ကာယိုသုတ်​ထားသည်​ကို ​ကောင်းတယ်​မလား ဟု ​မေး​နေ​သော ​ပေါက်​စန​ကောင်​အား တအံ့တသြကြည့်​​နေမိသည်​။
သူ့ပါးစပ်​ထဲ ​ပေါင်​မုန့်​ထည့်​ခါနီးဆဲဆဲ ​မီးဖို​ချောင်​အ၀င်​၀မှာ ​ဘောင်​ကိုမှီပြီး ရပ်​​နေ​သော ကျွန်​​တော့်​အား ​တွေ့​တော့ ဟီးခနဲ ရယ်​ပြသည်​။
ဒီအ​ကောင်​ စိတ်​​ရောမှန်​ပါ​သေးရဲ့လား။

Comes To You Where stories live. Discover now