Chapter-16

9K 729 68
                                    

Zawgyi
******

"JungKook​ရေ!JungKook  ဟာ မင်းဘာမှ မလုပ်​ရ​သေးဘူးလား"

ရေချိုးခန်းထဲမှ ထွက်​လာလာချင်းပင်​ ပူညံပူညံလုပ်​​တော့သည်​။ အ၀တ်​မလဲရ​သေးဘဲ ခုတင်​​ပေါ်ထိုင်​လျက်​ ရှိ​နေ​သော ကျွန်​​တော့်​ကို မ​ကျေမချမ်းလှမ်းကြည့်​သည်​။ ကျွတ်​တစ်​ချက်​ စုပ်​သတ်​ပြီး သူ့လည်​ပင်းမှာ ပတ်​ထား​သော သဘတ်​ဖြင့်​ လှမ်း​ပေါက်​လိုက်​​သေးသည်​။
ရော်​.....ဘာဖြစ်​​ရပြန်​တာလဲ?

"မြန်​မြန်​သုတ်​ အ​အေးပတ်​​နေအုံးမယ်​"

မျက်​လုံးအကြည့်​က ကျွန်​​တော့်​ထံတွင်​မဟုတ်​။
မှန်​ထဲကို အပီအပြင်​ကြည့်​ကာ ​ရေစိုဆံပင်​များကို လက်​ဖြင့်​သုတ်​ခါ​နေသည်​။

"​ရော့ ​ဘေဘီသာ ဒီသဘတ်​ကြီး ပတ်​ထား မဟုတ်​ရင်​ ကိုယ့်​ရဲ့ ဗိုက်​တစ်​လုံး​လေး ​လေဖြတ်​သွားရင်​ ဘယ်​လိုလုပ်​မလဲ?"

သူ​ပေးသည့်​ သဘတ်​​လေးကို ကိုယ်​​ပေါ်လွှားတင်​​ပေးရင်​ ပူပူ​လေးဖြစ်​​နေ​သော ဗိုက်​လဲကို လက်​ဖြင့်​ပွတ်​သပ်​လိုက်​သည်​။

"ဗိုက်​​လေးက တကယ်​ပူတာဟ! က​လေး​​လေးတောင်​ မရှိ​သေးဘဲနဲ့ကို!"

ဗိုက်​လုံးလုံး​လေး​ပေါ် ဖြတ်​ခနဲ ရိုက်​ချလိုက်​​ချိန်​မှာ
ပူထူသွား​သော ကျွန်​​တော့်​​ခေါင်းတစ်​လုံး။
အရင်းက​နေ ​ဆံပင်​ကိုကိုင်​ကာ ​ဆောင့်​​ဆောင့်​ ဆွဲ​နေတာ အုံလိုက်​ကျင်းလိုက်​ ပြုတ်​ထွက်​မတတ်​ပင်​။ ​သောက်​က​လေး ချစ်​လို့စတာကို။

"အားယားယား နာတယ်​ကွ!!! စတာ​လေးကို"

"မင်း အ​ကြောင်းမသိရင်​ခက်​မယ်​ ရရင်​ရသလို ထန်​​နေတဲ့ ကိစ္စကို"

"နည်းနည်းပါကွာ"

"မင်းကသာနည်းနည်း များများသာဆို​လေ ငါလည်း ဖွတ်​ဖွတ်​ညပ်​ညပ်​​ကျေ​နေ​လောက်​ပြီ"

ပြောချင်​ရာ​ပြောကာ မျက်​​စောင်းကြီးထိုးပြီး ဗီရိုထဲမှ အ၀တ်​​ကောက်​စွတ်​​နေသည်​။
ကျွန်​​တော်​လည်း သူပြင်​ထား​ပေးသည့်​ ၀တ်​စုံကို ၀န်​လိုက်​သည်​။ ဒီ​ကောင်​​လေး တကယ်​​တော်​တယ်​။ ကျွန်​​တော်​နဲ့ ​တော်​​တော်​ကို လိုက်​ဖက်​သည့်​ အပြင်​အဆင်​ပင်​။
ကျွန်​​တော်​ ​ယောက်ျားရတာ ကံ​ကောင်းတယ်​လို့ပဲ ဆိုရမလဲ?
အညိုရင့်​ရင့်​ ဆံပင်​ကိုမှ ​ဘေးမကျတကျ ခွဲလိုက်​​တော့ လုံးဝ perfect။
မသိတဲ့သူ​တွေဆို ကျွန်​​တော့်​ကို လူပျိုလူလွတ်​လို့ပဲ ထင်​ကြမှာ တကယ်​။

Comes To You Nơi câu chuyện tồn tại. Hãy khám phá bây giờ