Chapter-13 <New>

10.1K 861 60
                                    

Zawgyi
******

ရင်​ဘတ်​ကျယ်​ကျယ်​ထဲမှာ ​ခေါင်းတိုး​ဝှေ့ကာ ရင်​​ငွေ့ခို​နေရှာ​သော ဖြူဖြူ​သေး​သေး​လေးအား အသဲယားစွာ ကြည့်​ရှု​နေမိသည်​။
ဝင်​​လေထွက်​​လေ ​ငွေ့​ငွေ့တို့က သူ့နှာထိပ်​ဆီမှ ရင်​ဘတ်​ဆီသို့ တလူလူ ရိုက်​ခတ်​​နေသည်​။
ခါးသိမ်​သိမ်​ထက်​က သူ့လက်​​ချောင်း သွယ်​သွယ်​တို့ဟာလည်း အင်္ကျီစကို ဆုပ်​ကိုင်​ထားလျက်​ ရှိသည်​။

အိပ်​ထားလို့ မို့​မို့​ဖောင်း​ဖောင်းနှင့်​ နီတာရဲ ဖြစ်​​နေ​သော ပါး​လေးအား လက်​ညိုးနှင့်​ ခပ်​သာသာ​လေး နစ်​​နေ​အောင်​ ထိုးလိုက်​သည်​။
နှိုးမလာပဲ ဆက်​လက်​ အိပ်​​မောကျလျက်​ ရှိ​နေ​သော ​ကောင်​​လေးအား အသံတိတ်​ကြိတ်​ကာ ရယ်​လိုက်​မိသည်​။
နဂိုကမှ ​စူစူ​လေးဖြစ်​​နေ​သော နှုတ်​ခမ်း​လေး​ပေါ်
အကြည့်​တို့ဆုံချိန်​ ရင်​ကို တလှပ်​လှပ်​ ဖြစ်​​စေသည်​။ အ​ရောင်​တင်​မထား​သော မူရင်းနှုတ်​ခမ်းသား​လေးက ပန်းနု​ရောင်​ ထင်းထင်း။ ကြိုတင်​မစီစဉ်​ထားပါပဲ တစ်​ဦးနှုတ်​ခမ်း​ပေါ်တစ်​ဦး ကျ​ရောက်​​တော့မည့်​ ဆဲဆဲ လှုပ်​စိလှုပ်​စိနှင့်​ နှိုးလာ​သော အ​ကောင်​​လေး။ အချိန်​​ကောင်းမှာ ၀င်​ဖျက်​​တော့ နှာကစ်​သွားသည့်​ ကျွန်​​တော့်​ ရုပ်​ကြီး။

"ဟင်း.....နှိုး​နေပြီလား"

အိပ်​မှုန်​စုတ်​ဖွားနှင့်​ မျက်​လုံးများကို ပွတ်​သပ်​ကာ မပီမသ​မေးလာသည်​။
ထိုအဖျက်​သမား​လေးအား 'အင်း' ဟု ​အောင့်​သက်​သက်​ပြန်​​ဖြေ​လိုက်​သည်​။
ဒါ​တောင်​ အရိပ်​အကဲနားမလည်​တဲ့ ဟာ​လေးက တ၀ါးဝါးနဲ့ ပါးစပ်​ကို လက်​ဖြင့်​ပိတ်​လိုက်​ခွာလိုက်​ လုပ်​​နေ​သေးသည်​။
တ​ရွေ့​ရွေ့နှင့်​ ခုတင်​​ပေါ်မှ ဆင်းကာ ​ရေချိုးခန်းထဲသို့ ၀င်​သွားသည်​။

လက်​နှစ်​ဖက်​ကို​ ခေါင်းအုံးကားဖြင့်​ မျက်​လုံးစုံ မှိတ်​ကာ ​ပြန်​​မှေး​နေမိသည်​။
မ​နေ့ညက နမ်းသွားတာ သူမဟုတ်​တဲ့ အတိုင်းပဲ။

ဘေးစားပွဲ​ပေါ်မှ အားသွင်းထား​သော ဖုန်းကမြည်​လာသည်​မို့ ကမန်းကတန်းနှင့်​ ​ကောက်​ကိုင်​လိုက်​သည်​။

Comes To You Where stories live. Discover now