Character-15

11.2K 819 60
                                    

Zawgyi
******

အလွမ်း​တွေရဲ့ ​ဝေးရာက အချစ်​​​တွေ ​ခေါ်​ဆောင်​လာတယ်​။ တိမ်​တိုက်​​တွေနဲ့ အနီးဆုံးမှာ ရှိ​နေတဲ့ ချစ်​သူ။
အဆိုးအ​ကောင်းလို့ မခံယူဝံ့​ပေမယ့်​ ကိုယ့်​အတွက်​ ကံ​ကောင်းခြင်းက သူ။
သူစိမ်းဆန်​မှု​တွေကြား ကိုယ်​တို့အချစ်​​တွေ တိုးဝင်​ခဲ့တဲ့အခါ အသစ်​အသစ်​​သော အချစ်​​တွေနဲ့ ချစ်​​နေပါ့မယ်​ ချစ်​သူ​လေး။
လောကကြီးမှာ ​ပြောင်းလဲမှု​တွေနဲ့ က​လေး​လေးရဲ့။ ယုံနိုင်​မလားလို့ ​မေးချင်​တယ်​ အချစ်​။ ကမ္ဘာ​ပေါ်ကလူ​တွေရဲ့ ​ပြောင်းလဲခြင်းက ​လောကကြီးကို ​ကောင်းကျိုးပြုမယ်​ဆို ကိုယ့်​ရဲ့ ​ပြောင်းလဲခြင်း​တွေက ကိုယ့်​ရဲ့ဒုတိယကမ္ဘာ​လေး ဖြစ်​တဲ့ မင်းအတွက်​ ပြည့်​စုံခြင်း​တွေ ဖြစ်​တည်​မှာ​ပေါ့။
ဂြိုလ်​ကြီး၈လုံး နိုင်​ငံ​ပေါင်း တစ်​ရာကိုးဆယ့်​ငါး ပင်​လယ်​ကြီး ၇သွယ်
လူသား ၇.၆ ဘီလီယံ ဒါ​တွေထဲကမှ ကိုယ်​မင်းကိုပဲ ​ရွေးချယ်​တယ်​။ ကိုယ့်​ရဲ့ တစ်​ဦးတစ်​​ယောက်​။

စီးဝင်​ခဲ့​သော ပင်​လယ်​ထဲမှာ အတူလက်​တွဲပြီး ​ဖြတ်​သန်းကြဖို့ ကတိဝတ်​ပြုကြမလား?
ထာဝရလို့ မတည်​မြဲနိုင်​တဲ့ ​လောကကြီးထဲ မိုး​ကောင်​ကင်​ကြီး ပြိုလဲခဲ့​တောင်​ ​ဘေးနားမှာ အတူရှိ​နေ​ပေးမှာမို့ ဘ၀​တွေကို လက်​ချင်းယှက်​ပြီး ပုံ​ဖော်​ကြရ​အောင်​လား။
အချစ်​တဲ့........သိပ်​ထူးဆန်းခဲ့တာ။
ကိုယ်​တို့အဖြစ်​က အပြင်​​လူ​တွေ ​ပြက်​ရယ်​ပြုနိုင်​မယ့်​ အထိ။
ချစ်​တယ်​........ကိုယ့်​ရဲ့ ဒုတိယ​မြောက်​ အချစ်​။
မင်းရဲ့ ဒုတိယ​မြောက်​လူ ကိုယ့်​အဖြစ်​။
ဒုတိယမှာ ပထမထက်​ ခိုင်​မြဲခြင်း​တွေ ပါလိမ့်​မယ်​လို့​တော့ လူ​တွေ ဘယ်​ထင်​လိမ့်​မလဲ။
ကိုယ့်​အတွက်​​တော့ တစ်​ဦးတည်း​သော လမင်း​လေး။ ဘယ်​တော့မှ တိမ်​​တွေမကွယ်​မယ့်​ လမင်းငယ်​​လေး။

မျက်​လုံးတို့ စဖွင့်​ချိန်​ထဲက မြင်​​တွေ့ရတဲ့ မျက်​နှာ​လေးက ဖြူစင်​လွန်းတယ်​။
သိုး​အောင်​ အိပ်​​ပျော်​​နေ​ပေမယ့်​လည်း နှာထိပ်​ရဲရဲ​လေးက​တော့ အထင်းသား​ပေါ်​နေတုန်း။
စောင်​ပုံထဲမှာ ပုစွန်​ထုပ်​​လေးကို ​ကွေး​ကွေး​လေးနဲ့ ​သေး​သေး​လေး။
မဖြူလွန်း​သော ခပ်​ညိုညို ဒီ​ကောင်​​လေးက နှလုံးသားတစ်​ခုလုံးကို ဓားပြတိုက်​သွားတာဗျ။

Comes To You Where stories live. Discover now