Chapter-7

13K 1K 138
                                    

Zawgyi
*******

ိမှုန်​၀ါး​နေ​သော မျက်​၀န်းရဲ့မြင်​ကွင်းကို လက်​ဖြင့်​သပ်​ကာ ဖယ်​ရှားမိ​တော့ မြင်​လိုက်​ရသည်​က တစ်​ဦးတစ်​​ယောက်​၏ မျက်​နှာပြင်​ထင်းထင်း။ ကျွန်​​တော်​ မ​နေ့က သူ့​ဘေးနားမှာ ၀င်​တိုးအိပ်​ခဲ့မိသည်​ကိုး။

နွေး​ထွေး​နေ​သော ရင်​ခွင်​ကျယ်​ကျယ်​ထဲ တိုးဝင်​​နေ​သော ကျွန်​​တော့်​ခန္ဓာကိုယ်​​လေးဟာ
နစ်​မြှုပ်​​ပျောက်​ကွယ်​​နေလိုပင်​။ ဖယ်​တွယ်​ထား​သော သူ့လက်​များက ခါးသွယ်​သွယ်​တို့မှာ နွယ်​ပင်​များသဖွယ်​ ရစ်​ပတ်​​နေသည်​။ အို......ရင်​ခုန်​​နေမိသလား။
ဘယ်​ဖက်​ရင်​အုံ​ပေါ် လက်​ဖြင့်​စမ်းသပ်​မိသည့်​အခါ နှလုံးခုန်​သံတို့က တဒိန်းဒိန်း။ နဖူးပြင်​​ပေါ် ခပ်​​ပြေ​ပြေကျ​ရောက်​ လာ​သော သူ့အသက်​ရှူသံ​ငွေ့​ငွေ့​လေးဟာ ရင်​ခွင်​တစ်​စုံအား ​​ယောက်​ယက်​ခတ်​​စေသည်​။

ခါး​ပေါ်မှလက်​တို့ကို အသာဖယ်​ချပြီး သူ့ရင်​ခွင်​ထဲမှ တိုးထွက်​ခဲ့သည်​။
ရေချိုးခန်းဆီမှ ပြန်​လာသည်​အထိ သူမနိုး​သေး။
ဖျားထားတဲ့အရှိန်​​ကြောင့်​ ပင်​ပန်း​နေသည်​ ထင်​ပါ့။ အိပ်​​မောကျ​နေ​သော ထိုသူရဲ့ နဖူးထက်​ လက်​ဖြင့်​စမ်းကြည့်​​တော့ အဖျား​တော့ကျသွားရှာ​​လေပြီ။

Ting...

စားပွဲ​ပေါ်မှ ကျွန်​​တော့်​ဖုန်း​လေးထံ ၀င်​လာ​သော message တစ်​​စောင်​​ကြောင့်​ သူ့နားမှ ခွာပြီ ဖုန်းကိုတစ်​ချက်​ယူကြည့်​လိုက်​သည်​။
ကျွန်​​တော့်​အမြင်​​တွေ မမှားဘူးဆို ဒါဟာ ​သေချာတယ်​ JinHee ရဲ့ ph.no။

'Tae ငါတို့ ခန​တွေ့ရ​အောင်​'

စာလုံးတစ်​လုံးချင်းတိုင်းမှာ ကျွန်​​တော်​ သက်​ပြင်းမျှမျှချမိသည်​။ သူမအား​တွေ့ဖို့ စိတ်​​တွေ​လေးလံ​နေမိသည်​က​တော့ အမှန်​။
ထိုစာအားတစ်​ချက်​ အိပ်​​ပျော်​​နေ​သောသူအား တစ်​ချက်​နှင့်​ ကျွန်​​တော့်​စိတ်​​တွေေ၀၀ါး​စေသည်​။
သူမအား ​တွေ့သင့်​ပါရဲ့လား​လေ။
ဟင့်​အင်း.....ကျွန်​​တော်​တို့က ရိုးရိုးသားသား ​တွေ့ဆုံခြင်းပဲကို။ မိန်းက​လေးတစ်​​ယောက်​ရဲ့ သိက္ခာအားငဲ့ကွက်​ကာ သူမနှင့်​​တွေ့ဖို့ လက်​ခံခဲ့သည်​။

Comes To You Where stories live. Discover now