Chapter-11

10.2K 922 38
                                    

Zawgyi
******

ကောင်းကင်​ပြင်​​ပေါ် ​ပြေးလွှား​နေ​သော တိမ်​စိုင်​တချို့ကို ​ငေး​မောရင်း သက်​ပြင်းချ​နေမိတာလည်း ဘယ်​နှကြိမ်​မှန်းမသိ​တော့။ ​​ရွက်​စိမ်းနုနုတို့ကလည်း တခါတခါတိုက်​လာ​သော ​လေ​ကြောင့်​ ဟိုယိမ်းဒီယိမ်း။ ထိုသစ်​ရွက်​​တွေကို ကြည့်​ရင်း ငိုရ​အောင်​လည်း ကျွန်​​တော်​ဟာ ဆယ်​​ကျော်​သက်​အရွယ်​လည်း မဟုတ်​​တော့။
ဒါကိုပင်​ ဘယ်​အရာကို လွမ်း​မောမှန်းမသိ လွမ်း​နေမိသည်​။ ​​လေကခပ်​ပြင်းပြင်းတိုက်​ပြန်​​တော့ ပိုလို့ပင်​ ငိုချင်​မိသည်​။

လက်​ထဲမှာကိုင်​ထား​သော ဖုန်းမျက်​နှာပြင်​​ပေါ်
ထို​ရွေ့ဒီ​ရွေ့နှင့်​။ ငြီး​ငွေ့စရာ​ကောင်းလိုက်​တာ။
Contact name တစ်​ခု​ပေါ် လက်​က ​ရောက်​သွား​တော့ ကျွန်​​တော်​ရပ်​တန့်​သွားသည်​။

တတီတီနဲ့ ဖုန်းဝင်​သံအဆုံးမှာ ကြားလိုက်​ရ​သော တစ်​ဖက်​က အသံ။

"အင်း Tae ​ပြော"

သူ့ထံမှ 'Tae' ဟု ​ခေါ်သံကို ကြား​တော့
တိုက်​​ပေါ်မှပြုတ်​ကျသလို လှစ်​ခနဲ ခံစားမှု။
ခနကြာသည်​အထိ ငြိမ်​သက်​​နေမိ​တော့ ကျွန်​​တော့်​ကို သူ့ဘက်​က စကားစပြန်​သည်​။

"Tae Hyung ဘာဖြစ်​လို့လဲ?"

"ဘာမှ​တော့မဟုတ်​......."

"မဟုတ်​ရင်​လည်း ဒါဘဲ​နော်​ ဒီမှာ အလုပ်​ရှုပ်​​နေလို့"

တိခနဲ ပြတ်​​တောက်​သွား​သော ဖုန်းလိုင်းကြား သက်​ပြင်းမျှမျှချမိသည်​။ အလုပ်​ရှုပ်​​နေသည်​တဲ့လား။
အားရှီ.......ကျွန်​​တော်​က ဒါဘာဖြစ်​​နေတာလဲ?
အလုပ်​လုပ်​​နေတဲ့သူက အလုပ်​ရှုပ်​မှာ​ပေါ့။
ဒါ​ပေမယ့်​လည်း လူကို နည်းနည်း​တောင်​ အဖတ်​မလုပ်​သွားတာကို​တော့ စိတ်​ဆိုး​နေမိသည်​။ ​ဘေးနားမှအိပ်​ရာပုံ​ပေါ် ပုံခနဲ လဲအိပ်​လိုက်​သည်​။ တဖြည်းဖြည်းနှင့်​ ​မှေးစင်းလာ​သော မျက်​ခွံများ​ကြောင့်​ အမြင်​အာရုံအာ မှုန်းဝါးလာ​တော့သည်​။

"Tae! Tae Hyung ထ​တော့​လေ"

အိပ်​မက်​လိုလို တကယ်​လိုလိုနှင့်​ ကြားတချက်​မကြားတချက်​ဖြစ်​​နေ​သော အသံ​တွေ​ကြောင့်​ တဖက်​သို့ပြန်​​စောင်းကာ လှည့်​အိပ်​လိုက်​သည်​။
လက်​​မောင်းရင်းမှ ဆွဲကိုင်​ကာ ပြန်​လှည့်​သွားခြင်းကို ခံစားလိုက်​ရတာမို့ မျက်​လုံးများ မဆိုစ​လောက်​ပြူးလာသည်​။
ခုတင်​စွန်းကို တစ်​ခြမ်းသာထိုင်​ရင်း လူကို ငုံ့မိုးကြည့်​​နေ​သော JeonJungKookတစ်​​ယောက်​ရယ်​။

Comes To You Where stories live. Discover now