Chapter-14

10.6K 895 106
                                    

Zawgyi
*******

"သူ သတိပြန်​မရလာရင်​ ဘယ်​လိုလုပ်​မလဲ ဟင်​"

ဘေးမှာ ထိုင်​​နေ​သော ​ကောင်​​လေးရဲ့ အ​မေးကို ကျွန်​​တော့်​မှာ ပြန်​ဖြန်​ဖို့ အင်​အားမရှိ။
သူမ အ​ခြေအ​နေကလည်း ဆိုး​ဆိုးရွားရွား မရှိဟုသာ ​ပြော​နေ​သော်​လည်း အခုချိန်​ထိ သတိပြန်​မလည်​လာ​သေး​ပေ။

"အဲ့လိုဖြစ်​နိုင်​ပါ့မလား? ခန​လေး ​မေ့​နေတာပါကွာ!!!"

နဂိုပွ​နေ​သော သူ့ဆံပင်​​လေး​တွေကို ဆွဲဖွလိုက်​​တော့ လှုပ်​လှုပ်​ရွရွဖြစ်​ကာ သူ​ရှောင်​သည်​။ သူ့ဆံပင်​​တွေကို ဖွရင်​ အဲ့လို မကြိုက်​တာ။

"Jung Kook...."

"ဟင်​"

အပြင်​ကိုသာ ​ငေး​နေရင်း သူ​ခေါ်သည်​။
ကောင်းကင်​ပြင်​ ပြာပြာကြီးဟာ သိပ်​ကို လှပါတယ်​။ ​ဘေးမှာရှိ​နေ​သော ​ကောင်​​လေးက ပိုလှတယ်​။ ရှပ်​အင်္ကျီအဖြူခံနှင့်​ မိုးကာအင်္ကျီကြီးသာ ၀တ်​ထား​သော ​ကောင်​​လေးဟာ တကယ့်​ကို အသည်းယားစဖွယ်​။ ​ကောက်​ညှင်းထုပ်​​လေးကဲ့သို့ပင်​ လုံးတုံးတုံးနှင့်​။
ဘေးတိုက်​အ​နေအထားနှင့်​​တောင်​ ချွန်​မြမြ သူ့နှာတံစင်းစင်း​လေးရယ်​ မျက်​​တောင်​ရှည်​ရှည်​ ​လေး​တွေက ထင်​ရှားလွန်း​နေသည်​။
လှသည်​ထက်​ကိုပိုစွာ ပြည့်​စုံလွန်း​နေ​တာ။

"ဒီ​နေ့ ​ကောင်းကင်​ကြီး လှတယ်​​နော်​"

သူ့အ​ပြော​ကြောင့်​ ကျွန်​​တော်​ကြည့်​​နေ​သော ​ကောင်းကင်​ကြီးက ပိုလို့လှပသွားသည်​။
ကျွန်​​တော်​ သိပ်​ကို ရူးရူးမူးမူး ဖြစ်​​နေပြီ ထင်​ပါရဲ့။

"မင်းက ပိုလှတယ်​!"

ကျွန်​​တော့်​ စကားသံ​ကြောင့်​ ရှက်​​သွေးထကာ ပန်း​ရောင်​သန်းလာ​သော ​ကောင်​​လေးရဲ့ ပါးပြင်​​လေး​တွေ။ 'Jung Kookကလည်း' ဟူ၍ တိုးလျလျ ထွက်​ကျလာ​သော သူ့အသံသြသြ​လေးက ချစ်​စရာ​ကောင်းသည်​။ နီရဲလာ​သော နားရွက်​ဖျား​လေး​တွေက သူ တကယ်​ကို အရှက်​သန်​မှန်း ​ကောင်း​ကောင်းကြီး သိလိုက်​ရသည်​။ အရင်​ကလို စ​နောက်​လို့ ​ကောင်းယုံ​လေး ကျွန်​​တော်​ ​တွေးတာမဟုတ်​။
သူတကယ်​ကို လှတာ ပြီးပြည့်​စုံတာ။
ဘယ်​ဘ၀ကများ  ဆု​တောင်း​တွေ ​ကောင်းခဲ့ရတာလဲ ​ကောင်​​လေးရယ်​။

Comes To You Where stories live. Discover now