Chapter-5

12K 1K 66
                                    

Zawgyi
******

ဖြစ်​တည်​မှုမရှိမီ အချစ်​တစ်​ခု ​ပေါက်​ဖွားလိမ့်​မည်​။
ရင်​ခုန်​သံများ မကြားနိုင်​ခင်​ ထိန်းထိန်းသိမ်းသိမ်း​နေမှ ဖြစ်​လိမ့်​မည်​။
ခနတာ သာယာမှုမှာ ရင်​မခုန်​ချင်​ပါ။
ဒူး​ထောက်​အရှုံး​ပေးချင်​စိတ်​ဟာ တစ်​စက်​က​လေးမှ မရှိသည်​မို့ ကျွန်​​တော်​သူ့ကို လျစ်​လျူရှုရအုံးမည်​။ ရင်​မခုန်​ပါ။ စိတ်​မ၀င်​စားပါ။

ဇာတ်​ရှုပ်​တဲ့ သုံးပွင့်​ဆိုင်​ဇာတ်​လမ်းမှာ ​နောက်​ဆုံးအချည်းအနှီးအဖြစ်​ ရပ်​တည်​ခဲ့တာ ကျွန်​​တော်​သာ​ဖြစ်​သည်​။ ဆုံးရှုံးမှုနှင့်​ရရှိမှုဟာ မ​ရေမရာနဲ့။ မရရှိခဲ့​သောအချစ်​ကိုဆုံးရှုံးခြင်းနဲ့ ပိုင်​ဆိုင်​ပြီးသားအချစ်​ကို လက်​လွှတ်​ရခြင်းမှာ ခံစားမှုတို့က ကွာဟတာ​ပေါ့။ ကျွန်​​တော့်​မှာ​တော့ ချစ်​သူကိုလည်းဆုံးရှုံးရ ရန်​သူနဲ့လည်း လက်​ထပ်​ရနဲ့။ ဘ၀က သိပ်​​တော့မချိုလှဘူးရယ်​။

ကိုယ့်ကို အသားနာ​အောင်​လုပ်​တာ​လောက်​ မုန်းတာမရှိ။ ကျွန်​​တော့်​ကို​ပြော​တော့ ဘာတဲ့
အဆက်​အသွယ်​ဖြတ်​သင့်​ပြီ​လေး ဘာ​လေးနဲ့ သူက​တော့ အခုချိန်​ထိ သူမကို စွဲလမ်း​နေ​သေး။
OhJinHee လို့​ပြောတာနဲ့ ထိုးတယ်​တဲ့​လေ။
နာမည်​​လေးကြားတာနဲ့ မကူနိုင်​မကယ်​နိုင်​ဖြစ်​​နေ​သော ရင်​တွင်းခံစား​ချက်​​တွေ ဖြစ်​မှာ​ပေါ့။
ကျွန်​​တော့်​မှာ သူမကို လွမ်းဖို့​တောင်​ အချိန်​အကန့်​အသတ်​​တွေနဲ့ လွမ်းရမည့်​ပုံမျိုး။
သူမနဲ့ကျွန်​​တော်​ ဆက်​သွယ်​မှု​တွေ မရှိ​တော့ဘူး။ အရင်​ကအချိန်​ကြာကြာစကား​ပြောနေကျ တယ်​လီဖုန်း​လေးက အခု​တော့ ဆက်​သွယ်​မှုဧရိယာပြင်​ပသို့ ​ရောက်​လို​ရောက်​။
ဖြတ်​ခနဲ​တွေ့လိုက်​ရတဲ့အချိန်​​တွေမှာ​တောင်​ မျက်​နှာလွှဲသွားတဲ့ သူမ။
ဟက်​.......ဟိုလူကြီး ​ပြောသလို ကျွန်​​တော်​သူမအ​ပေါ် သံ​ယောဇဉ်​ဖြတ်​သင့်​ပြီ။

ဒီမနက်​မှ အ​ဒေါ်ကြီးက မရှိ။ ဗိုက်​ဆာဆာနဲ့ မီးဖိုခန်းဆီလာ​တော့လည်း ဘာမှမရှိတာနဲ့ ကိုယ်​ပိုင်​အချက်​အပြုတ်​skill ​လေးနဲ့ မနက်​စာပြင်​ရ​တော့မည်​။ ​ရေခဲ​သေတ္တာထဲမှ ကြက်​ဥနှင့်​​ပေါင်​မုန့်​ထုတ်​ကာ မနက်​စာအတွက်​ပြင်​ဆင်​လိုက်​သည်​။ မီးပလပ်​ဖွင့်​ကာ အိုးထဲဆီထည့်​လိုက်​သည်​။
ဒီ​လောက်​လုပ်​တတ်​တာပင်​ ​ကျေးဇူးတင်​ရမည်​။
ပြသနာက ထို​နေရာမှာပင်​ စ​တော့သည်​။
ကြက်​ဥအလုံး​လေးအား ဘယ်​နှယ့်​​ကြော်​ရမည်​နည်း။ အလုံးလိုက်​ပင်​ ထည့်​​ကြော်​ရမည်​လား။ ကြက်​ဥတစ်လုံး​ကြော်​ဖို့သည်
မြောက်​ကိုးရီးယားကို အ​မြှောက်​ပစ်​ဖို့ထက်​ ခက်​ခဲ​ကြောင်းကို မျက်​၀ါးထင်​ထင်​မြင်​​တွေ့ခဲ့သည်​။
လက်​တစ်​ဖက်​တွင်​ ကြက်​ဥကိုကိုင်​ထားပြီး ​နောက်​တစ်​ဖက်​တွင်​ ဇွန်းကြီးကိုင်​ထား​သော ကျွန်​​တော့်​ပုံသည်​ အ​တော်​ပင်​ ရယ်​ချင်​စရာ ​ကောင်း​နေလိမ့်​မည်​။

Comes To You Where stories live. Discover now