>> O N E <<I n t r o >>

27.2K 1.4K 30
                                    

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်း ပဲ ။

Only You ✔

__________________________________

C o m e_ A n d_ F i n d _M e

"တွဲ ကြ ရ ​အောင်​ "

တည်​ ငြိမ်​သည်​ဆိုထာထက်​ ​အေးစက်​သည်​ ဆိုသည့်
အသုံးအနှုန်းကသာ သင့်​​လျော်​​ပေလိမ့်​မည်​ထင်​သည်​။
လူနှစ်​ဦးကြား ချစ်​ခြင်း​မေတ္တာကို အ​ခြေခံကာဖွင့်​​ပြော
နေခြင်းမှာ ​သေချာ​ပေါက်​ မျက်​နှာထက်​ ချစ်​ခြင်း​​တွေ
အပြည့်​​နေရာယူ​နေရမည်​မဟုတ်​လား လို့ ​ကြောင်
တောင်​​တောင်​အ​တွေးက ကျွန်​​တော့်​အ​တွေးထဲ​ဝေ့
လည်​ရိုက်​​နေသည်​ ။

"မဖြစ်​နိုင်​​တာကြီးကို !! "

သူ နှင့်​ ကျွန်​​တော့်​​ဘေးပတ်​လည်​မှာ ဝိုင်း​နေသည့်
သူ၏ မိန်းက​လေး​​တွေကြား ပီပီသသထွက်​​ပေါ်လာ
သည့်​စကားကို ကျွန်​​တော်​သည်​လဲ တစ်​ရာ ရာခိုင်​နှုန်း
အပြည့်​​ထောက်​ခံသည်​ ။ သို့​သော်​ ​ရှေ့တင်​က အကြည့်
စူးစူး​က ဖြစ်​နိုင်​​နေသည်​လို့ အတပ်​​ပြောပြ​နေဟန်​​ပေါက်
သည်​ ။

တက္ကသိုလ်​ဝင်းထဲက ​မိန်းမဟူ​သော လူသားမှန်​သမျှ
လိုချင်​​နေ​သော အိုဆယ်​ဟွန်း အမည်​ရှိ ဤလူသားက
ကျွန်​​တော်​ဆို​သော လူမသိ​သော သူအား အဖတ်​လုပ်
စကား​ပြောခြင်းကိုကပဲ တက္ကသိုလ်​ဝင်းထဲက မိန်းမ​တွေ
မေ့လဲ ကုန်​ကျနှင့်​ပြီ ။

"ဘာမဟုတ်​တဲ့ ဒီအ​ကောင်​ကို ! "

Hoodie အပြာရင့်​​ရောင်​နှင့်​ မျက်​နှာဖုံးလုမတတ်
စွပ်​ထားသည့်​​ခေါင်းစွပ်​က အကျဉ်းတန်​​နေ​စေသည်​ ။
ရင်​ဝယ်​ထဲဝယ်​ ​အ​ရောင်​​ဖြော့စပြု​နေ​သော ဂျင်းပြာ
ရောင်​ ​ကျောပိုးအိတ်​က​လေးကို လက်​နှစ်​ဖက်​နဲ့ တုန်
တုန်​ရီရီ ဖက်​တွယ်​ထားမိသည်​ ။

Come And Find MeOn viuen les histories. Descobreix ara