>> E I G H T E E N <<

10.8K 832 38
                                    

ကျွန်​​တော်​နဲ့ အိုဆယ်​ဟွန်းကြားက ဆက်​ဆံ​ရေးသည်
အနည်းအကျဉ်း အဆင်​​ပြေလာပြီလား ကျွန်​​တော်​မသိ
တော့ ။ သူရဲ့ ဂရုစိုက်​မူ​တွေမှာ ကျွန်​​တော်​အဆင်​မ​ပြေ
သေး ။ ​နေသားမကျ​သေး ။ အိုဆယ်​ဟွန်းက​တော့
တည်​ငြိမ်​နိုင်​​ပေမဲ့ ​နေရခက်​သည်​က ကျွန်​​တော်​ ။

တခဏ​တော့ ငါ အချိန်​ယူရဦးမယ်​​လေ ။

"ဟွန်း ! ဟွန်း စိတ်​​တောင်​မူမမှန်​​တော့ဘူးလား
မွေး​နေ့​လေးကို​တောင်​ ဟွန်းက အဲ့အ​ကောင်
ကြောင့်​ငြင်းတယ်​ ၊ ဂင်​မင်​​ဆော့ နင်​က​လေ
ငါ့အတွက်​ အတားအဆီးပဲ "

လီဂါယွန်း အတွက်​ ဂင်​မင်​​ဆော့က အဆိုးရွားဆုံး
အတားအဆီး ။ သူ ဟွန်း ကိုဘယ်​​လောက်​ထိချစ်​ခဲ့
ရသလဲ ။ အချိန်​​တွေအများကြီး ဟွန်းကိုချစ်​ခဲ့ရတာ။
လွန်​ခဲ့တဲ့ငါးနှစ်​ထဲက ဟွန်း တ​ယောက်​ကို​မျှော်​လင့်
နေခဲ့ရတာ ။ ဟွန်း နားကိုကပ်​နိုင်​သမျှကြိုးစားကပ်
ကြည့်​ခဲ့​သည်​ ။ ဟွန်း တက်​တဲ့တက္ကသိုလ်​ကိုလဲလိုက်
တက်​ခဲ့ရသည်​ ။ ဒါ​ပေမဲ့ ဟွန်းက သူ့ကိုမမြင်​ဘဲ
ယူဆိုရီနဲ့တွဲခဲ့​သေးသည်​ ။ ဟွန်းက ရည်းစား​တွေ
အများကြီးထားခဲ့​ပေမဲ့ ဟွန်း ဘယ်​သူ့ကိုမှမချစ်​မှန်း
ဂါယွန်းသိ​သည်​ ။ ဒါ​ပေမဲ့ ယူဆိုရီကို​တော့ဟွန်းက
သူ့မိဘ​တွေနဲ့မိတ်​ဆက်​​ပေးခဲ့ဖူးသည်​ ။ အဲ့အချိန်​တုန်း
ကသူဘယ်​​လောက်​ထိခံစားခဲ့ရသလဲ ။ ​နောက်​ ယူဆိုရီ
နဲ့ကွဲသွားလို့ မ​ပျော်​လိုက်​ရ ဟွန်းက ​ယောင်္ကျား​လေး
တ​ယောက်​နဲ့ထပ်​တွဲပြန်​သည်​ ။

မထင်​ထားရ​လောက်​​အောင်​ ဟွန်းက ဂင်​မင်​​ဆော့ကို
ဂရုစိုက်​​ပေး​နေပြန်​သည်​ ။

တ​နေ့​နေ့မှာဟွန်းက သူ့ကိုစွန့်​ပစ်​မယ်​ဆိုတာ သူမသိ
နေ​ပေမဲ့ မပြတ်​​သေးတဲ့ကာလအတွင်း ဟွန်းက
ထူးဆန်းတဲ့အပြုအမှု​တွေကိုလုပ်​​နေသည်​ ။
ထို့​နေ့က ဟွန်းတ​ယောက်​ ဂင်​မင်​​ဆော့လက်​ကို
ဆုပ်​ကိုင်​ထားခဲ့သည်​။

Come And Find MeWhere stories live. Discover now