"ဒေါ်လေးနဲ့ လိုက်သွားလိုက်ဦးမယ်"မင်ဆော့အခန်းထဲ လှည့်ပတ်ကြည့်နေတဲ့အိုဆယ်ဟွန်း
ကို အသိပေးသလိုသာပြောလိုက်ရင် မင်ဆော့
ဒေါ်လေးနဲ့အတူလိုက်သွားလိုက်သည် ။ ဝယ်ခြမ်းစရာ
တွေရှိနေလို့ ဈေးတန်းထဲသွားရမယ် ဆိုတာနဲ့မင်ဆော့
တမင်သက်သက်လိုက်သွားလိုက်ခြင်း။တကယ်တမ်း
တော့သူ ဆယ်ဟွန်းကိုစိတ်ကောက်နေတာ။စိတ်
ကောက်နေတယ်လို့များပြောလိုက်မိရင် မိန်းမဆန်
သွားမလား။ သူမသိဘူး သည်အတိုင်းလေး သဝန်တို
စိတ်ကောက်မိနေတာပင်။ဟိုအဒေါ်ကြီးရဲ့ စကားကို သဘောတွေကျပြီးရယ်
လိုက်တဲအိုဆယ်ဟွန်းကိုဘယ်လိုစိတ်တိုလို့တိုမိမှန်း
မသိဖြစ်လာရသည်။"ဒေါ်လေး ဝယ်ဖို့များသေးလား "
အနောက်ကနေ အထုတ်တွေဆွဲရင်းတကောက်
ကောက်လိုက်ရသည်ကကြာလာတော့စိတ်ထဲ
ကျန်ခဲ့တဲ့အိုဆယ်ဟွန်းကိုတွေးမိသွားသည်။တယောက်
ထဲမို့ ပျင်းနေပြီလား။ အိုဆယ်ဟွန်းလို သီးသန့်နေတတ်
တဲ့သူမျိုးက အိမ်ကလူတွေနဲ့တော့စကားပြောနေဖြစ်
မှာတော့မဟုတ်တာသေချာသည်။"စုံသလောက်တော့ရှိပါပြီ ! အမေသောက်
နေကျဆေး ဝယ်ပြီးရင်ပြီးပါပြီ"ဒေါ်လေးကအဖွားသောက်နေကျဆေးဝယ်ဖို့ဆေးဆိုင်
တဆိုင်ကိုဝယ်သွားသည်။သူကတော့အပြင်ကနေရပ်
စောင့်နေလိုက်တော့သည်။ နာရီကလဲပတ်ထားတတ်
သူမဟုတ်တော့ လက်တွေမအားတဲ့ကြားထဲကနေ
ဘောင်းဘီအိတ်ထဲကဖုန်းကိုမရမကယူကြည့်လိုက်
တော့အချိန်က နေ့လည်နှစ်နာရီခွဲနေပြီ။ သူ ဒေါ်လေး
နဲ့လိုက်လာလိုက်တာ အချိန်၂နာရီလောက်တောင်
ကြာသွားပြီ။ဒီနေ့ ပွဲတော်မှာ သူတို့နိုင်ခဲ့သည်လေ။ အဲ့တာကြောင့်
ဒေါ်လေးက ညစာကိုဖွယ်ဖွယ်ရာရာချက်ကျွေးပါ့မယ်
ဆိုပြီးဈေးတန်းဘက်ရောက်လာခဲ့ခြင်း။ လက်ထဲက
အထုတ်ပေါင်းများစွာက အသားတွေ၊အသီးအရွက်
တွေပေါင်းစုံနဲ့တော်တော်လေးကိုလေးလံနေပြီ။