လုံးဝကို မထင်ထားသည့် လုပ်ရက်တခုကို အိုဆယ်ဟွန်းကပြုမူလိုက်ချိန် ကျွန်တော်တယောက်
နေစရာနေရာရှာမတွေ့တော့လောက်အောင် မျက်နှာ
ပူနေခဲ့ရသည်။ သူ့ရင်ခွင်ထဲစုံစုံမြုပ်နေချိန် ငုံ့ကာနမ်း
လိုက်လေသောအနမ်းတခုကြောင့် ကတုန်ကယင်
ဖြစ်ကာ အခန်းထဲ အကြောင်းပြချက်မယ်မယ်ရာရာ
မပြနိုင်ဘဲ ပြေးဝင်ခဲ့ရသည် ။အိပ်ရာထက်လူးလိမ့်ရင်း တတွေးတွေးတငေးငေးရင်း
အိပ်မပျော်နိုင်တဲ့ညကိုဖြတ်သန်းခဲ့ရသည် ၊
အိုဆယ်ဟွန်းဘက်ကရော ဘယ်လိုနေသလဲမသိ
ပေမဲ့သိချင်စိတ်လဲရှိသည် ။ သူကော ကိုယ့်လိုအိပ်
မပျော်ဖြစ်နေလား ။ ရင်ခုန်နေလား ၊ မနက်ကျရင်
ကောနှစ်ယောက်သားဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ
ဆိုတဲ့အတွေးတွေဝင်လေနေမလား သိချင်လွန်းသည့်
စိတ်တွေကထိန်းမရသိမ်းမရပေါ်ပေါ်လာတတ်သည်။အတွေးပေါင်းများစွာ နဲ့ ည၂နာရီလောက်ကအိပ်
ပျော်သွားခဲ့တာကြောင့် မနက်၇ခွဲလောက်မှအိပ်ရာ
ကဆတ်ခနဲနိုးသည်။ ကျောင်းသွားရဦးမည်ဆိုတဲ့
အသိကြောင့် ကပြာကယာအိပ်ယာခင်းတွေခေါက်
သိမ်းကာ အခန်းထဲကထွက်လာလိုက်တော့
မျက်နှာသစ်ပြီး ပြန်ထွက်လာတဲ့အိုဆယ်ဟွန်းနှင့်
တည့်တိုးလေသည် ။ အိုဆယ်ဟွန်းက မျက်နှာကို
ပဝါနဲ့သုတ်ပြီး ပဝါကိုလည်ပင်းမှာ ပြန်ပတ်ထား
သည် ။ သည်လိုကြီး တည့်တိုးလေတော့ ကြောင်
အအနဲ့တချက်မော့ကြည့်မိလိုက်ရုံမှအပ ဘာစကား
မှလဲပြောမထွက် ။ မျက်နှာသစ်မလို့ကို ရေချိုးခန်း
အဝပိတ်ရပ်နေတဲ့အိုဆယ်ဟွန်းကြောင့် အခက်တွေ့
ရပြန်သည် ။"ဖယ်ပေးလေ !ဘာရပ်လုပ်နေတာလဲ"
သူက ကိုယ့်မျက်နှာကို မရမက လိုက်ကြည့်ကာ
ခပ်ပြုံးပြုံးလုပ်နေသေးသည် ။ အိုဆယ်ဟွန်းက
အိပ်ယာထ ကစဖို့အနည်းငယ်ရှုပ်ပွနေတဲ့ဆံပင်
နဲ့တောင် ကြည့်ကောင်းနေသည် ၊