ကားတိုက်မှု !!
ခွမ်း !!
ကျွန်တော့်လက်ထဲကကော်ဖီခွက်လေးသည် ကြမ်းပြင်
ပေါ်ကို လွှတ်ကျသွားတော့သည် ။ကျွန်တော့်ဆီကိုဆက်သွယ်လာခြင်းမရှိပေမဲ့TV
မျက်နှာပြင်ပေါ်က လာနေသည့် သတင်း ။ သူ !
သူ ကားတိုက်ခံရသည်တဲ့ ။ ကျောက်ရုပ်တရုပ်လို
မတ်တပ်ရပ်လျက်နှင့်ပင် အသက်မဲ့သွားသလိုခံစား
လိုက်ရသည် ။ ကျွန်တော့်ကမ္ဘာကြီးအမှောင်ကျသွား
သလိုဖြစ်ပျက်သွားသည် ။ ရှုပ်ရှပ်ခတ်နေသောရဲကား
တွေ ၊ ဆေးရုံကားတွေ ။ ပြာယာခတ်နေကြတဲ့ရဲတွေ၊
လူတွေ ။ ကျွန်တော် သူ့ကို မမြင်လိုက်ကြ ။ကျွန်တော် ပစ်ကျလဲသွားမိသည် ။ ခံစားချက်ကြီး
ကဆိုးရွားလွန်းသည်။ ဗလာကျင်းသွားသလို။ကြောင်တောင်တောင်နှင့်အသိစိတ်လွတ်နေတဲ့သူလို
ကျွန်တော် ထိုင်နေမိသည် ။ ဖန်ခွက်အကွဲစတွေဘေး
သတိလက်လွတ်ငြိမ်သက်နေမိသည် ။သူ ! ညကျရင် ကိုယ်ပြန်လာခဲ့မယ်လို့ စာပို့ထားတဲ့သူ
ကအခုတော့ကျွန်တော့်ဆီရောက်မလာဘဲ ကားတိုက်
မှုတဲ့လား ။ ငါ စောင့်နေတာလေ။ငါ မင်းပြန်လာမှာကို
စောင့်နေခဲ့တာလေ။ငါတို့မတွေ့ရတာသုံးရက်လောက်
ရှိနေပြီလေ ။ ငါမင်းကိုလွမ်းနေတာ။" မင်ဆော့ရား ! မင်ဆော့ သတိထားဦး"
ဂျင်ဝူးက အပြေးတပိုင်းနှင့်ရောက်ချကာလာ မင်ဆော့
ကိုဆွဲထူလိုက်သည် ။ ဖန်ကွဲစတွေနဲ့ဝေးရာမှာမတ်တပ်
ရပ်စေလိုက်သည် ။ မင်ဆော့ကတော့ သူ့ဆွဲခေါ်ရာကို
ယိုင်တိယိုင်တိုင်နှင့်သာပါလာလေသည် ။ ကြောင်
တောင်တောင်ဖြစ်နေတဲ့မျက်လုံးတွေရဲ့အခြေအနေ
ကြောင့် ပုခုံးနှစ်ဖက်ကိုလှုပ်ယမ်းဆွဲခါကာသတိပေး
နေရတော့သည် ။" ရား !! သတိထားဦး သတိထားဦးကွ
ဂင်မင်ဆော့ "