>>FOURTHY-FOUR<<

10.1K 855 47
                                    

နောက်​ တလ​လောက်​သာမကြာ​တော့မည့်​စာ​မေးပွဲ
ကြောင့်​ အလုပ်​ရှုပ်​ခြင်းများစွာဖြင့်​စာအုပ်​ပုံထဲ​ခေါင်း
စိုက်​​နေရသလို သူသည်​လဲ သူ့အလုပ်​ကိစ္စ​တွေနဲ့သူ
ရှုပ်​​နေသည်​။ သူသည်​က တပါတ်​အလိုမှစာအုပ်​ကိုင်
ရင်​​တောင်​​အောင်​မှာကျိမ်း​သေ​နေသူမို့အထူးတလည်
လဲစာလုပ်​ဖို့သွား​ပြောမ​နေ​တော့ ။ သိပ်​မကြာခင်​မှာ
ရောက်​လာ​တော့မှ သူ​မွေး​နေ့ကိစ္စသည်​လဲ​ခေါင်းထဲ
ရောက်​​ရောက်​လာသည်​။

ဖုန်းဖွင့်​လိုက်​သည်​နှင့်​မြင်​​နေရကြား​နေရ​သော
အမျိုးစုံ​သောသတင်း​တွေ​ကြောင့်​ သူများစိတ်​ရှုပ်
နေ​လေမလား ​တွေးမိတိုင်း ကိုယ့်​ကိုကိုယ်​ရယ်​ချင်​မိ
သား။ သူသည်​ဘယ်​သူ့ဘယ်​သူ့ကိုမှဂရုစိုက်​တတ်
သူမဟုတ်​ဘူးဆိုတာကျွန်​​တော်​​မေ့​လျော့သွားခဲ့တာ။
OHရဲ့အ​မွေဆက်​ခံသူ တ​ယောက်​ဆိုသည့်​ ဂုဏ်​ပုဒ်
ကြီး​ကြောင့်​အနားတမ်းအလုပ်​ရှုပ်​​နေသည်​။သူသည်​က
သိပ်​မကြာခင်​ OHကိုလွှဲ​ပြောင်းယူ​တော့မည်​မဟုတ်
လား။ထိုသို့စဉ်းစားမိတိုင်း​ကြောက်​မိသည်​။သူသည်​က
OH ကို ဦး​ဆောင်​ရ​တော့မည့်​သူ။ ကျွန်​​တော့်​အတွက်
ကြောင့်​သူ့မှာအတိုက်​အခိုက်​​တွေများလာ​တော့မည်
မဟုတ်​လား။သူပင်​ပန်းခက်​ခဲရဦးမည်​။

[ OH၏ အ​မွေဆက်​ခံသူအား ကားတိုက်​လုပ်​ကြံခဲ့
သူကို​ဖော်​ထုတ်​ဖမ်းဆီးခဲ့]

ဆို​သောသတင်းအား TVမျက်​နှာပြင်​ထက်​မြင်​မိလိုက်
ရချိန်​လက်​အစုံသည်​တုန်​ရီလာ​တော့သည်​။ထိုအ​ဖြစ်
အပျက်​ကိစ္စ​တွေပြန်​မ​တွေးချင်​​တော့ပါ ။ပြန်​မစဉ်းစား
ချင်​​တော့ပါ ။ ရဲ​တွေလက်​ထဲက လက်​ထိပ်​နှင့်​သူအား
နာနာကြည်းကြည်းတချက်​ကြည့်​လိုက်​ကာTVကိုပိတ်
ပစ်​လိုက်​သည်​ ။

ည​နေ ၃နာရီ ။ ​စောပါ​သေးတယ်​။ဒါကသူပုံမှန်​ပြန်
လာ​နေကျအချိန်​မဟုတ်​။ ​ခြောက်​နာရီ​​မှောင်​စပျိုးချိန်​မှ
သူပြန်​​ရောက်​လာတတ်​တာ။

" အချစ်​ !! "

"​စောတယ်​​နော်​ ! ဆယ်​ဟွန်း"

Come And Find MeWhere stories live. Discover now