>> T H I R T E E N <<

9.5K 571 9
                                    


တိတ်​ဆိတ်​​နေ​သော အ​ခြေအ​နေသည်​ နည်းနည်း
တော့အ​နေရခက်​​စေသည်​ ။ မျက်​နှာချင်းဆိုင်​​တွေ့တာ
နှင့်​ အမြဲတမ်း ​စကားအ​ကောင်း​ပြော​လေ့မရှိတတ်
သော မျက်​နှာ​ကြောခပ်​တင်းတင်း အိုဆယ်​ဟွန်းက
သည်​က​နေ့​တော့ ငြိမ်​သားကျ​နေသည်​ ။

ရုတ်​တရတ်​ကြီး ဆိုင်​ကို​ရောက်​ချလာပြီး အတူပြန်​ရ
အောင်​ဆိုလာ​သောသူကို ကျွန်​​တော်​ အထိတ်​အလန့်
ပင်​အံ့သြသွားရသည်​ ။ လက်​ရှိမှာ သူ့ကားထဲမှာ
ကျွန်​​တော်​ထိုင်​​နေရသည်​ကို​တောင်​မယုံနိုင်​။
အိုဆယ်​ဟွန်းသည်​ ငြိမ်​သက်​ကာ အနည်းငယ်​နွမ်း
နေ​သောမျက်​နှာနှင့်​ ကား​မောင်း​နေသည်​ ။စကား
တခွန်း​တောင်​မဟဘဲ သက်​ပြင်းချ​နေသည်​ကအခါခါ။
အိုဆယ်​ဟွန်းကို သက်​ပြင်းအခါခါချ​စေကာ စိတ်​ရှုပ်
စေသည့်​အရာက ဘာများလဲ ။

လမ်းကြားထဲက ​လှေကားထစ်​​တွေကို ​ဘေးချင်းယှဉ်
အတူတက်​​နေ​သော်​လည်း အိုဆယ်​ဟွန်းကတိတ်​ဆိတ်
မြဲတိတ်​ဆိတ်​လျက်​ ။ သည်​လိုကျ​တော့လဲကျွန်​​တော်
မ​နေတတ်​ ။ ကျွန်​​တော့်​အ​ပေါ်ဆို ​ကောင်း​ကောင်းမွန်
မွန်​မဆက်​ဆံ​ပေမဲ့လဲ အခုလို အိုဆယ်​ဟွန်း အ​နေ
အထားကို​တော့ ကျွန်​​တော်​လဲ မ​နေတတ်​ ။ အမြဲတမ်း
အပြစ်​မရှိအပြစ်​ရှာ ​ဘောက်​ဆတ်​ဆတ်​စကား​တွေနဲ့
ကလန့်​တိုက်​​နေတတ်​တဲ့လူက အခု​တော့ပါးစပ်​မပါ
သည့်​လူနှယ်​ ။

တခုခုဖြစ်​လာလို့လား ? ​မေးလိုက်​ချင်​​ပေမဲ့လဲ အင်း___ သူနဲ့ကျွန်​​တော်​ရဲ့ဆက်​ဆံ​ရေးက ။

အခန်းထဲ​ရောက်​​တော့လဲ အိုဆယ်​ဟွန်းက အိပ်​ခန်း
ဘက်​ကိုဦးတည်​​နေတာမို့ ကျွန်​​တော်​ ဘယ်​ကစလို့
ဘာ​ပြောရမှန်းမသိ​တော့ ။

"အိပ်​​တော့မှာလား ?"

"အင်း "

ကျွန်​​တော်​ မျက်​လုံးစုံမှိတ်​ကာ အားယူ​မေးလိုက်​​သော
မေးခွန်း၏အ​ဖြေက တို​တောင်းကာရိုးရှင်းသည်​ ။
လှည့်​မကြည့်​၊ဂရုမစိုက်​ဘဲ ​ကျောခိုင်းကာ အခန်း​လေး
ထဲဝင်​​သွား​ချေသည်​ ။

Come And Find MeWhere stories live. Discover now