>> T W O <<

14.4K 1.2K 13
                                    

Come_And_Find_Me

Hey Baby!

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်း ပဲ ။

Only You ✔

__________________________________

မ​နေ့က မက်​သည့်​အိမ်​မက်​ဆိုး​ကြောင့်​ ကျွန်​​တော်
တ​ယောက်​ အိပ်​​ရေးပျက်​ကာ မျက်​ကွင်းညိုနှင့်
ဝက်​ဝံတစ်​​ကောင်​လို ဖြစ်​​နေသည်​ ။ ​နှေး​ကွေး​သော
ခြေလှမ်း​တွေနှင့်​ တက္ကသိုလ်​ဝင်းထဲ ​ခြေချမိ​လေ​တော့
အ​ရောင်​စုံ​နေသည့်​ အကြည့်​တွေက ​ကြောက်​ခမန်း
လိလိ ဝင်​ပစ်​လာခဲ့​ချေသည်​။

မဟုတ်​မှ ! ကျွန်​​တော့်​မက်​ခဲ့သည့်​ အိမ်​မက်​​ဆိုးကို
သူတို့လဲ မက်​ခဲ့ကြသည်​ထင်​ပါ့ ။

မုဆိုး​တွေကြား မျက်​စိသူငယ်​နားသူငယ်​ဖြစ်​​နေသည့်
သား​ကောင်​တ​ကောင်​လို ကျွန်​​တော်​ ဖြစ်​​နေရသည်​။

အိမ်​မက်​ဆိုးက အကျိုးဆက်​ရလဒ်​​တွေပင်​ဖြစ်​သည်​။

"​ဆော့​လေး ! မ​နေ့က မင်း အိုဆယ်​ဟွန်း
ဆယ့်​တစ်​​ယောက်​​မြောက်​ရည်းစားဖြစ်​သွားပြီဆို "

ဖတ်​!ဆို ပုခုံး​ပေါ် ​ရောက်​လာတဲ့ အထိအ​တွေ့​ကြောင့်
အသက်​ရှူ​တွေရပ်​ကာ လူက ​ကျောက်​ရုပ်​တစ်​ရုပ်​လို
တောင့်​သွား​ချေသည်​ ။နောက်​မှ ပတ်​ဂျင်​ဝူး ဆို​သော
မိမိ၏ ရှားပါးသူငယ်​ချင်းလူသား ဆိုတဲ့အသိ​ကြောင့်
သက်​ပြင်းချနိုင်​သည်​ ။

အိမ်​မက်​ဆိုးသည်​ ပတ်​ဂျင်​ဝူး​ကြောင့်​ လက်​​တွေ့အဖြစ်
မှန်​ဆိုတာ လက်​ခံလိုက်​ရသည်​ ။

"​ဆော့​လေး ! မှန်းစမ်း ​ဟော်​ ~~
ကြောက်​စရာဖြစ်​​နေပြီ ဟိ "

သူ ဘယ်​​လောက်​ထိ စိတ်​ပျက်​​နေလိမ့်​မည်​လဲဆိုတာ
ရှားပါးသူငယ်​ချင်းက သိလျက်​နှင့်​ ကြည့်​ရယ်​​နေပြန်
သည်​ ။ ပတ်​ဂျင်​ဝူးသည်​ကား သူ၏ဆံပင်​​တွေကို
ခါကာ ခါကာနှင့်​ ကိုယ်​ကိုယမ်းကာ တဟိဟိလုပ်​​နေ
သေးသည်​ ။

Come And Find MeDonde viven las historias. Descúbrelo ahora