တစ်ခန်းလုံးက လူတွေက ချွဲချန်းဟူ ကိုအတင်းပြော
လိုက် ၊ လီဂါယွန်းအကြောင်းကိုအတင်းပြောလိုက်နှင့်
အလုပ်ရသွားကြသည် ။ တကယ်တမ်း သူတို့အပြစ်
တင်ရမှာက အိုဆယ်ဟွန်းကို ။သူ တကယ်ကြီး ကျွန်တော့်ကြောင့် လုပ်ခဲ့တာလား။
အဲ့သည်လောက်ထိတော့ လုပ်ဖို့လိုလို့လား ။ မဟုတ်
ဘူးလေ ။ Lockerထဲကနေ အသီးပုပ်တွေပြုတ်ကျ
လာထဲက သူကျွန်တော့်ဘက်ကိုကာပြောလိုက်ရင်ပဲ
ကိစ္စကပြီးပြတ်နေတာကို ။ ကျွန်တော့်ရှေ့တင်မှာကျ
တော့ ဂရုမစိုက်သလို၊မသိသလိုနှင့်။အိုဆယ်ဟွန်း ဘာတွေတွေးပြီး ဘယ်လိုတွေလုပ်နေ
သလဲ ကျွန်တော်လဲမစဉ်းစားတတ်တော့ ။"အိုဆယ်ဟွန်းလို့ထင်လား"
"ဘယ်သိပါ့မလဲ"
အရင်တုန်းကဆို အိုဆယ်ဟွန်းအကြောင်းလေးများစ
ပြောလိုက်ရင် သိချင်လွန်းလို့ စပ်စုနေတတ်သူက
အခုတော့ မသိတော့သည့်ပုံစံ။"ငါက အိုဆယ်ဟွန်းလို့ထင်နေတာ "
"အဲ့တော့ မင်းအတွက်မကောင်းဘူးလား"
ကျွန်တော့်အတွက် မကောင်းဘူးလား ဆိုတော့
ကိုယ်တိုင်လဲမသိဘူး ။ကောင်းသလား မကောင်းဘူး
လား ။ ဒါပေမဲ့ သူအဲ့သလိုကြီးလုပ်လိုက်တာကတော့
မိန်းကလေးတယောက်အတွက်အရမ်းဆိုးရွားလွန်း
နေတယ်မဟုတ်လား ။"ငါ စာကြည့်တိုက်ထဲ ခဏသွားဦးမယ်"
"အင်း! အတန်းထဲ မြန်မြန်ပြန်လာနော်"
ပတ်ဂျင်ဝူးက လက်တဖက်ဝှေ့ သွားကာ အတန်းဘက်
ကိုသုတ်ခြေတင်တော့သည် ။ ကျွန်တော်သည်လဲ
စာကြည့်တိုက်ဘက်ဦးတည်လိုက်သည် ။
ကျွန်တော်ဖတ်ချင်တဲ့စာအုပ်ကို စာကြည့်တိုက်ထဲမှာ
တွေ့ထားသည်လို့ ဂျင်းဝူပြောပြဖူးတာကြောင့် ။
စာအုပ်စင်အတန်းတွေကြားထဲမှာ တယောက်ထဲ
စာအုပ်လိုက်ရှာနေရသည် ။ အတန်းချိန်တွေဖြစ်နေ
တာကြောင့် စာကြည့်တိုက်ထဲမှာလူသာသာရှိနေသည်။