>>FOURTHY-ONE<<

9.3K 926 102
                                    


" Come And Find Me "

ချစ်​ရသူသည်​ အိပ်​စက်​​နေနိုင်​သည်​  ။ သူ့အနားမှာ
ရှိ​နေရင်း ငိုမိပြန်​သည်​ ။မျက်​ရည်​စက်​တစ်​စက်​က
သူ့လက်​ဖမိုး​ပေါ်ကျသွားစဉ်​ ကမန်းကတန်းအသာ
သုတ်​ပစ်​လိုက်​ရသည်​ ။

ဆယ်​ဟွန်း ! မင်းသိလား ငါအခုစိတ်​ရှည်​တတ်​တဲ့

လူတ​ယောက်​ဖြစ်​​နေပြီ ။ မင်းမျက်​လုံး​တွေဖွင့်​လာမဲ့
အချိန်​ ၊မင်းမျက်​လုံး​တွေကငါ့ကိုတည့်​တည့်​ကြည့်​ပြီး
'အချစ်​´လ်ို့​ခေါ်လာမဲ့အချိန်​ကိုငါ​စောင့်​​နေနိုင်​တယ်​။

ဆယ်​ဟွန်း !! ငါ မင်းဒယ်​ဒီရဲ့​ရှေ့မှာသတ္တိရှိရှိ​နေနိုင်
သွားပြီ။ငါဂရုမစိုက်​​တော့ဘူး။ဘာကိုမှအ​ရေးမထား
တော့ဘူး၊ငါတို့ကို​ဝေး​စေမဲ့အရာ​တွေကို ငါ​ကောင်း
ကောင်းကြီး​ကျော်​ဖြတ်​ပစ်​ပြမယ်​ ။ ဒါ​ပေမဲ့မင်းနဲ့တူတူ
လေ။မင်းလက်​ကိုဆုပ်​ကိုင်​ပြီးမင်းနဲ့တူတူ​ကျော်​ဖြတ်
ချင်​တာ ။

"မင်​​ဆော့ !! နားလိုက်​ဦး​လေ
မ​နေ့ညကလဲမအိပ်​ဘူးမှတ်​လား !"

အစ်​မဂျီဟွန်းနဲ့ဆယ်​ဟွန်းမာမီ အခန်းထဲဝင်​လာကြတာ
မို့ကပြာကယာမျက်​ရည်​​တွေကိုသုတ်​ပစ်​လိုက်​သည်​။
ဆယ်​ဟွန်းမာမီကကျွန်​​တော့်အနားကိုမတ်​တပ်​လာ
ရပ်​ကာပုခုံးကိုဖိဆုပ်​ကိုင်​ထား​ပေးသည်​။

"​ကျေးဇူးတင်​ပါတယ်​ က​လေး !
သားကို ​ပျော်​ရွှင်​​စေခဲ့လို့ "

ကျွန်​​တော်​သည်​ထိုစကားလုံး​တွေ​ကြောင့်​ရင်​ဘတ်​မှာ
နာကျင်​​နေရသည်​ ။ ကျွန်​​တော်​တို့​တွေ့ခဲ့တဲ့အချိန်​​တွေ
ကိုပြန်​သွားကြည့်​ရင်း ကျွန်​​တော်​သူ့အ​ပေါ်​ကောင်း
ကောင်းကိုမဆက်​ဆံခဲ့။ သူ့ကိုဒုက္ခ​ပေးတတ်​တဲ့လူ
တ​ယောက်​အဖြစ်​သာမြင်​ခဲ့သည်​ ။

" အား ! မျက်​ရည်​​တွေကလဲ !!"

တ​ဖြေး​ဖြေးချင်းမျက်​လုံးအိမ်​ထဲပြည့်​ကာလျှံကျလာသည့်
မျက်​ရည်​စတို့အားကျွန်​​တော်​လက်​ခုံနဲ့ဖိသုတ်​လိုက်
သည်​။ထပ်​ကာကျမလာ​လေ​တောင်​​ခေါင်းကို​မော့ကာ
မျက်​​တောင်​ကိုပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ကာ အံကြိတ်​ထား
မိသည်​ ။

Come And Find Meजहाँ कहानियाँ रहती हैं। अभी खोजें