မနက် ၇နာရီသာရှိသေးသည်ကို တိုက်ခန်းကိုရောက်
ချလာပြီး TVလာထိုင်ကြည့်နေတဲ့အိုဆယ်ဟွန်း
ကြောင့် မင်ဆော့ အံ့သြရပြန်သည် ။ အသံအကျယ်
ကြီးဖွင့်ကာ ကြည့်နေသည်က ဒေါသလဲထွက်ချင်စရာ
ကောင်းနေသည် ၊ ကိုယ့်မှာတော့ ကျောင်းမသွားခင်
သန့်ရှင်းရေးကိုကုန်းကြုံးလုပ်နေရပေမဲ့ သူကတော့
အခန့်သားခြေချိတ်ထိုင်နေသည် ။သူ့ရှေ့က စားပွဲကို သန့်ရှင်းရေးလုပ်တော့အိုဆယ်ဟွန်း
ကတချက်သာ ငုံ့ကြည့်လာပြီး TVကိုသာအာရုံပြန်
စိုက်သွားသည် ။ စားပွဲပေါ် ပစ်စလက်ခတ်တင်ထား
တဲ့ အိုဆယ်ဟွန်းရဲ့ကျောပိုးအိတ်ကိုဆိုဖာပေါ်တင်
လိုက်တော့လွယ်အိတ်အောက်က အပြာနုရောင်စာအုပ်
ကလေးကထွက်လာသည် ။ စာအုပ်ကသူ့စာအုပ်လဲ
မဟုတ်တာမို့ မင်ဆော့ စာအုပ်ကို အိုဆယ်ဟွန်း၏
မျက်လဲုးရှေ့တည့်တည့်ကိုမြှောက်ပြလိုက်သည်။"မင်းစာအုပ်လား?"
အိုဆယ်ဟွန်းက TVမျက်နှာပြင်ကိုမခွာချင်ခွာချင်နဲ့
အကြည့်ရောက်သည် ၊ စာအုပ်ကိုသူ့ရှေ့ကိုမြှောက်
ခါပြကာမေးဆတ်ပြလိုက်သည်။"မင်းအတွက်!ငှါးလာပေးတာ"
ကိုယ့်အတွက်ဆိုတာနဲ့ မျက်မှောင်ကြုံ့ကာ စာအုပ်ကို
ဖွင့်ကြည့်လိုက်တော့ သေရပ်ပြီး လှလိုက်တဲ့လက်ရေး။
လက်ရေးက ညီကာ သေသေရပ်ရပ်နှင့် တော်တော်
လေးသဘောကျဖို့တဲ့လက်ရေး။ လက်ရေးလှလှဆီက
နေအာရုံလွှဲကာစာကိုကြည့်လိုက်တော့ ကျောင်းသင်
ခန်းတွေ ။ သေသေချာချာကို noteထုတ်ထားတာပဲ။"ဘယ်သူ့စာအုပ်လဲ ?လက်ရေးအရမ်းလှတာပဲ"
စာအုပ်ဆီကနေအကြည့်လွှဲမလာဘဲ အားကျနေတဲ့
အသံလေးနဲ့ ပြောနေတဲ့မင်ဆော့ကို အိုဆယ်ဟွန်း
ခိုးကြည့်ကာပြုံးလိုက်သည်။