>> E I G H T <<

10.9K 1K 10
                                    

Come_And_Find_Me

Hey Baby!!

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်း ပဲ ။

Only You ✔

_________________________________

"အား ! ​အေးလိုက်​တာ "

ကျွန်​​တော်​၏ မနက်​ခင်းသည်​ သာမန်​​နေ့​တွေထက်
ထူးခြားသွားသည်​ ။ alarmသံမကြားရဘဲ အား!
ဆို​သော ​အော်​သံနှင့်​ကျွန်​​တော်​ ​ငေါက်​ခနဲ ဆိုဖာ
ပေါ်မှာထိုင်​မိလျက်​သားဖြစ်​​နေသည်​ ။

နေဦး !! ​စောင်​က ။

ကျွန်​​တော့်​ကိုယ်​​ပေါ်က ​စောင်​အထူကြီး​ကြောင့်​အံသြ
သွားရသည်​ ။ ​နွေး​နေသည်​လို့ ခံစားရတာက ဒီ​စောင်
ကြီးလာခြုံ​ပေးထားသည်​​ကြောင့်​​ပေါ့ ။ ဘယ်​သူလဲကလဲ
အိုဆယ်​ဟွန်းကလား ။

"မနက်​တိုင်း ​ရေ​အေးနဲ့ပဲမျက်​နှာသစ်​တာလား
ငါ့မျက်​နှာတခုလုံထုံကျင်​​နေပြီ "

မျက်​နှာသစ်​ပြီး ​ရေမသုတ်​ရ​သေးဘဲ အိုဆယ်​ဟွန်း
ကျွန်​​တော့်​အခန်းဝမှာ မတ်​တပ်​ရပ်​​နေသည်​၊
စိတ်​ပျက်​တကြီးဖြစ်​​နေတဲ့မျက်​နှာနှင့်​ ​ရေချိုးခန်းဘက်
လက်​ညိုးထိုးကာ ​အော်​ဟစ်​​နေပြန်​သည်​။ ကျွန်​​တော်
သိချင်​သည့်​အ​ကြောင်းအရာက ​ရေ​အေးပဲရတဲ့
ကျွန်​​တော့်​​ရေချိုးခန်းအ​ကြောင်းမဟုတ်​ဘူး။ ကျွန်​​တော့်
ကိုယ်​​ပေါ်​ရောက်​​နေတဲ့​စောင်​အ​ကြောင်း။

သိချင်​စိတ်​နဲ့ ကျွန်​​တော့်​ကိုယ်​​ပေါ်က​စောင်​ကိုလက်
တဖက်​နဲ့ကိုင်​​ကာ​မြှောက်​ပြလိုက်​​တော့မှ အိုဆယ်​ဟွန်း
မျက်​နှာ တည်​သွားသည်​။ လက်​ပိုက်​ကာ ဟန်​ပါပါ
နှင့်

"ညက မင်း မျက်​လုံးမဖွင့်​ဘဲ ငါ့ကို
ဆဲ​နေလို့​လေ .."

Come And Find MeWhere stories live. Discover now