>>TWENTY-SIX<<

11.4K 987 79
                                    


၁နာရီအတိမှာ ဒယ်​ဒီစီစဉ်​​ပေးထား​သောအ​ရေးကြီး
ဧည့်​သည်​ နှင့်​သွား​တွေ့ရ​ပေဦးမည်​။

သည်​တ​ခေါက်​​တော့သွား​တွေ့လိုက်​ရ​တော့မည်​ ။
မဟုတ်​ရင်​ ကိစ္စအကြီးအကျယ်​က ဒယ်​ဒီနှင့်​သူကြား
ဖြစ်​လာ​တော့မည်​။ မာမီ၏​ချော့​မော့​ပြော​နေ​သော
စကား​တွေ​ကြောင့်​လဲပါသည်​ ။

'မင်း လက်​ထပ်​ရမဲ့မိန်းက​လေး'ဆိုတဲ့စကား​ကြောင့်
လဲ အိုဆယ်​ဟွန်း ဟက်​ ခနဲရယ်​မိလိုက်​ပြန်​သည်​။
လက်​ထပ်​မယ်​ ဘယ်​သူကလဲ? အိုဆယ်​ဟွန်းကလား?
ဒယ်​ဒီက​တော့အများကြီးကို​မျှော်​မှန်းထားတာပဲ ။

အချိန်​က ၈နာရီ ၊ ကားကို မင်​​ဆော့ရှိရာကိုဦးတည်
မောင်း​နေသည်​။ ပါးပြင်​ထက်​က ခပ်​​ရေး​ရေး အပြူံး၊
ဟင်း ။ ဂင်​မင်​​ဆော့ကဘယ်​လိုလူသားပါလိမ့်​ ။
သူ့အ​ကြောင်း​တွေးလိုက်​တာနဲ့ ပြုံး​နေရမယ်​လို့
အိုဆယ်​ဟွန်းကိုကံကြမ္မာကသတ်​မှတ်​​ပေးလိုက်​​လေ
သလားမသိ ။

ကားမှတ်​တိုင်​မှာ တ​ယောက်​ထဲထိုင်​​နေတဲ့မင်​​ဆော့ကို
မြင်​လိုက်​​တော့ အိုဆယ်​ဟွန်း ကားကိုထိုးရပ်​လိုက်
သည်​ ။ ကားမှန်​ကိုချလိုက်​​တော့ မင်​​ဆော့ကသူ့ကို
ဘာလဲဆိုတဲ့သ​ဘောနဲ့​မေးဆတ်​ပြ​မေးသည်​။
မသိရင်​နဲ့ ၊ ချစ်​သူရည်းစား​တွေမျိုးမဟုတ်​ဘဲဖြတ်​သွား
ဖြတ်​လာ​တွေ့တဲ့သူ​တွေလိုလို။ မ​မေးမမြန်းဘဲနဲ့
သူ့စိတ်​ကြိုက်​ဒီကား​ပေါ်တက်​လာလိုက်​လို့​တောင်
ရ​နေ​သေးတာကို ငတုံး​လေးလိုလိုပြုမူ​နေ​သေးသည်​။

"ဟာ!! ​အေးပါ ​အေးပါ "

ဖုန်း​ပြော​နေတဲ့မင်​​ဆော့ကို အိုဆယ်​ဟွန်း ကြည့်​သာ
ကြည့်​​နေလိုက်​သည်​ ။ ကြည့်​ရတာ ဂျင်​ဝူးဆီကပဲ
ဖြစ်​မည်​။သူ့ဆီဖုန်းဆက်​တာပတ်​ဂျင်းဝူအပြင်​တခြား
သူမရှိနိုင်​တာသူသိသည်​ ။ မင်​​ဆော့ ဖုန်း​ပြော​နေတိုင်း
မိန်းက​လေး​ ​လေး​ယောက်​အဖွဲ့​ရောက်​လာသည်​။
ကားမှတ်​တိုင်​မှာကား​စောင့်​ရင်း အိုဆယ်​ဟွန်းဆီကို
အကြည့်​​တွေ​ရောက်​လာကြပြီးထုံးစံအတိုင်းအ​ကြွေ
ကြီး​ကြွေ​နေကြပြန်​သည်​ ။

Come And Find MeWhere stories live. Discover now