>>THIRTY-NINE<<

9K 866 52
                                    

လက်​ရှိ ဖြစ်​ပျက်​​နေတဲ့ ကုမ္ပဏီအ​ခြေအ​နေ​ကြောင့်
လက်​​ထောက်​ယူမှာ သူ​ဋ္ဌေးကြီးကိုတင်​ပြဖို့်​ကို​တောင်
တွန့်​ဆုတ်​​နေရသည်​ ။ "OH"ကို ထိခိုက်​ရဲသည့်​သူက
"BIN"အပြင်​တခြားမရှိနိုင်​။ သူ​ဋ္ဌေးဘင်​၏တဦးတည်း
သောသမီးဘင်​မီ​ဆောင်းက အခုတ​လောBINကို
ဦးစီး​နေသည်​ဟုသတင်းသဲ့သဲ့ကြား​နေရသည်​။ဖြစ်​နိုင်
လောက်​မှာပါ​လေ။သူမက "OH"ရဲ့ အ​မွေဆက်​ခံ
မည့်​အိုဆယ်​ဟွန်းနဲ့ကိစ္စကြီးတခုပတ်​သတ်​ခဲ့ကြဖူး
သည်​မဟုတ်​လား။

"​မြေကွက်​​တွေကို BINကပဲဖြတ်​လုဝယ်​သွားတယ်
အခုထပ်​ပြီး အသစ်​တိုးချဲ့မဲ့လုပ်​ငန်းမှာ
ရင်းနှီးမြှုပ်​နှံမဲ့သူ​တွေက ရုတ်​တရတ်​ကြီး
ပြသာနာရှာ​နေကြတယ်​"

"​တောက်​!BIN BIN "

သူ​ဋ္ဌေးကြီးသည်​လဲ သည်​တခါ ရင်းနှီးမြှုပ်​နှံမည့်​ရှယ်
ယာရှင်​​တွေကိစ္စကို ဘယ်​သူ့လက်​ချက်​လဲဆိုတာ
မစုံစမ်းရင်​​တောင်​တန်းသိ​နေနိုင်​သည်​။ လက်​မှတ်​ထိုး
ခါနီးမှကန့်​လန့်​တိုက်​ကာငြင်းပယ်​သွားကြတဲ့ရှယ်​ယာ
ဝင်​​တွေက BINရဲ့အစွယ်​​ကောင်းမှု​ကြောင့်​ပဲဖြစ်​လိမ့်
မည်​။

"သူ​ဋ္ဌေးကြီး !! ဂျပန်​ကOHမှာလဲ
ပြသာနာဖြစ်​​နေတယ်​"

လက်​​ထောက်​ယူရဲ့ စကား​ကြောင့်​ သူ​ဋ္ဌေးကြီးမှာမျက်
လုံးအစုံပြူးကျယ်​သွား​တော့သည်​။ပြသာနာ​တွေက
မထင်​မှတ်​ထား​လောက်​​အောင်​တခုပြီးတခုတန်းစီလာ
နေသည်​။

"မမ​လေး 'ဂျီဟွန်း'ရဲ့အတွင်း​ရေးမှူး
မင်​စန်းဝူက ရုတ်​တရတ်​ကြီး​ပျောက်​သွားတယ်​!
OHရဲ့သတင်းအချက်​အလက်​တချို့လဲ
ပါသွားတယ်​ ! ဝန်​ထမ်း​တွေကလဲ
ရုတ်​တရတ်​ကြီး အ​ယောက်​၅၀၀​ကျော်
လောက်​ထွက်​ကုန်​ကြတယ်​"

သည်​ကိစ္စက တကယ့်​အကြီးကြီးပင်​။ဂျပန်​ကကုမ္ပဏီခွဲ
OHက အ​ခြေအ​နေဆိုးဆိုးရွားရွားကြီးထဖြစ်​ပွားလာ
သည်​ ။ မင်​စန်းဝူ ​​ပျောက်​သွားတဲ့ကိစ္စရယ်​ ၊ဝန်​ထမ်း
တွေအလုပ်​ထွက်​ကုန်​သည့်​ကိစ္စရယ်​ကထူးဆန်းသည်​။

Come And Find MeTahanan ng mga kuwento. Tumuklas ngayon