Unicode
" ဂုဏ်ယူပါတယ် ဥက္ကဌကြီး မြေး ယောကျ်ားလေး မွေးပါတယ် မိခင်ရော ကလေးရော ကျန်းမာပါတယ် "
မွေးခန်းထဲက ထွက်လာတဲ့ ပါရဂူရဲ့ စကား ကိုကြားပြီး ဥက္ကဌကြီး Do Min Joon တို့ ဇနီးမောင်နှံ ပျော်ရွှင်နေတာ အမှန် ။
Do မိသားစုရဲ့ ဆက်ခံသူလေး အဖြစ် Do Kyung Soo ဟု မိခင် ဝမ်းထဲ ရှိကတည်းက အမည်နာမ သတ်မှတ်ခဲ့ကြသည်။
ပျော်ရွှင်နေရင်းမှ ဇနီးသည်က တစ်ခုခု သတိရဟန်ဖြင့် ဘေးမှ အတွင်းရေးမှူးအားလှည့်လို့မေးသည်။
" Mr. Shin ရေ Young Min က ဘာလို့ ရောက်မလာသေးရတာလဲ သူ့ ဇနီး မီးဖွားတာ မသိဘူးလား "
"ကျွန်တော် ဖုန်းဆက်ထားပါတယ် သခင်မကြီး အလုပ်တွေ အရေးကြီးလို့ မလာနိုင်ပါဘူးတဲ့ "
Mr.Shin စကား အဆုံး ဥက္ကဌကြီးက သက်ပြင်းချကာ ခပ်လေးလေးဆို၏။
" ဒီကလေးကတော့ သူတို့ မာနတွေကြားထဲ ဓားစာခံ ဖြစ်တော့မှာပဲ~"
"ဟုတ်ပ ယောကျ်ားရယ် ကျွန်မတော့ ဒီကလေးကို သနားလာပြီ "
ထိုအခြေအနေတွေကို မသိသော မွေးကင်းစ ကလေးငယ်ကတော့ ဆေးရုံခန်းအတွင်းမှာ အိပ်မောကျလို့ •••••••
ဒီကလေးရဲ့ ကံကြမ္မာဟာ မချစ်မနှစ်သက်ပဲ အမှား တစ်ခုကြောင့် လက်ထပ်ခဲ့ရသည့် မိဘနှစ်ပါး၏ မာနကြောင့် ဘာတွေဖြစ်လာမယ် မှန်း အမှန်တကယ်ပင် ကြိုမတွေးနိုင် ။
ပြိုင်ဘက် Company နှစ်ခုရဲ့ သူဌေး နှစ်ယောက် မထင်မှတ်တဲ့ အမှားကြောင့် လက်ထပ်လိုက်ရသည်။
လက်ထပ်ပြီးသည့် နောက်ပိုင်းတွင်လည်း ပြိုင်ဆိုင်နေတုန်း။
ကိုယ်ဝန်ရှိလာသည့်နောက် နှစ်ယောက်စလုံးက ဖျက်ချရန်ကြိုးပမ်းခဲ့ကြသေးသည်။
မအောင်မြင် သဖြင့် ယခုလို မွေးဖွားခဲ့ရခြင်းပင်။
မွေးမိခင်ကပင် အရေးမပါတဲ့ ကလေးဟု ဆိုကာ ခွဲမွေးခဲ့သည်။
ဖခင်ကလည်း လာရောက် ကြည့်ရှုခြင်းမရှိ ။
အရာအားလုံးက အစကတည်းကပင် မှားယွင်းနေခဲ့လေပြီ •••
YOU ARE READING
He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )
RomanceKim Jongin × Do Kyung Soo