Episode 16

3.6K 352 28
                                    

Unicode

        " ကဲ ကဲ ငါတို့ ပါတီကို စလိုက်ကြရအောင်"

            ကမ်းခြေမှာ ပါတီ လုပ်ဖို့ ပြင်ဆင်နေတဲ့ Kyung Soo တို့ အားလုံး Baekhyun ရဲ့ အသံ ဆာဆာကြောင့် လှည့် ကြည့် လိုက်ကြသည်။

Baekhyun လက်ထဲမှာ ဆိုဂျူ ပုလင်း တွေနဲ့ ။

မနက်ဖြန် မပြန်ခင် အမူး သောက်ဖို့ ကြံစည် ထားပုံ ရသည်။

Kim Jun Myeon တို့ဆိုတာများ ထို ပုလင်းတွေကို အရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ ။ Kyung Soo ကတော့ မသောက်တတ်တာ မို့ စောစော အိပ်ရာဝင်ဖြစ်လိမ့်မည်သာ။ အသားတွေ ကင်နေတဲ့ Yifan Hyung က

       " ကဲ ကဲ စားကြမယ် အသားတွေ ရနေပြီ Oh Sehun နဲ့ Kim Jongin ရေ ချစ်ကြည်ရေး နပန်းပွဲ လုပ်မနေကြနဲ့ လာကြဟ "

     Yifan hyung အော်လိုက်တော့မှ ကျက်ပြီးသား အသား ပန်းကန် နားမှာ ဝေစုခွဲရင်း တစ်ယောက် နဲ့ တစ်ယောက် ကန်ကျောက်နေတဲ့ Jongin hyung နဲ့ Sehun Hyung က ရပ်သွားကြသည်။

Kyung Soo လည်း ပြုံးရင်းပင် ခုံမှာ ဝင်ထိုင်လိုက်သည်။

Kyung Soo ဘေးမှာ လာထိုင်သူက Jongin Hyung ဖြစ်နေတာကြောင့် မသိမသာ ခိုးပြုံးမိသေး။

စားနေတဲ့ တောက်လျှောက်လည်း ဘေးကနေ အကုန် လုပ်ပေးနေသေးတာ......။

      " စားပြီးရင် Game ဆော့ကြမယ် နော် "

      ထပ်ပြီး ထွက်လာပြန်တဲ့ Baekhyun ရဲ့ အသံ။ ဘေးက Park Chanyeol ကတော့ သူ့ အ​ကောင်​ပေါက်ကို ချစ်ရည် ရွှန်းလဲ့တဲ့ မျက်လုံးကြီးနဲ့ ကြည့်နေသေးတာ ။ Kyung Soo လည်း ကြည့်မရတာနဲ့
      
   " ဘာလုပ်ဦးမှာလဲ Baekhyun ရာ မိုးချုပ်နေပြီကို မင်းက ဘာဆော့မှာလဲ "

    " Kyung Soo ကလည်း .... Game ဆော့တာပဲ အချိန် ​ရွေးနေသေးတယ် ..... မိုးချုပ်လည်း ဆော့လို့ ရတာတွေ ပုံလို့ ... နားလည်လား ညီလေး "

    နှုတ်ခမ်း တထော်ထော် လုပ်ကာ ပြောနေတဲ့ Baekhyun ကို Kyung Soo မျက်စောင်း လှမ်း ထိုးမိတော့ Kyung Soo စိတ်ထင် ကိုယ့်ကို တစ်ယောက်ယောက်က စိုက်ကြည့် နေသလို ခံစား ရတာမို့ လှည့်ကြည့်မိတော့ Jongin Hyung ပဲ ဖြစ်နေခဲ့သည်။ Kyung Soo ကို ပြုံးပြီး စိုက်ကြည့်နေခဲ့တာ။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now