Episode 18

3.5K 338 9
                                    

Unicode

         နံနက်ခင်း နေရောင်ခြည် ရဲ့ နှိုးဆော်မှုကြောင့် Jongin မျက်လုံးတို့ ပွင့် လာရသည်။

မျက်လုံး ဖွင့်ဖွင့် ချင်း မြင်လိုက်ရတာ က မျက်နှာကျက် ဖြူဖြူပင်....။

Jongin နောက်ဆုံး မှတ်မိတာ ကောင်လေး အိမ်ရှေ့မှာစကား​ပြော​နေခဲ့တာဖြစ်သည်...။

Jongin လှဲနေရာ က ထ ထိုင်မယ် လုပ်တော့ Jongin လက်ကို ခပ်တင်းတင်း ကိုင်ထားတဲ့ အထိအတွေ့.....။

သေချာ ကြည့်တော့ မှ Jongin လက်ကို ဆုပ်ကိုင် ပြီး ကုတင်ပေါ် ခေါင်းတင် အိပ်နေတဲ့ ကောင်လေးကို ​တွေ့လိုက်ရသည်။

Jongin ငေးကြည့်နေမိတုန်း တအင်းအင်း တအဲအဲ လုပ်ကာ နိုးလာ​လေရဲ့..

     " ဟင်.... Hyung နိုးလာပြီ.... ခဏလေး ကျွန်တော် ဆရာဝန် သွားခေါ်ဦးမယ် နော်..."

    ပြောပြီးတာနဲ့ လှစ်ခနဲ ထ ထွက်သွားတဲ့ ကောင်လေး..။ ခဏကြာတော့ ကောင်လေးနဲ့ အတူ... ဆရာဝန် ရောက်လာပြီး Jongin ကို စစ်ဆေးကာ

     " လူနာက သက်သာနေပါပြီ..... စိတ်ချရအောင် ဆက်နေဦးမယ် ဆိုလည်း ဖြစ်ပါတယ် .... ဆေးရုံ ဆင်းချင်တယ် ဆိုလည်း ဖြစ်ပါတယ် "

    " ဟုတ်ကဲ့ ... "

     ဆရာဝန် ပြန် ထွက်သွားတော့ ကောင်လေးက

    " Hyung အဆင်ပြေရဲ့လား..... တကယ်ရော သက်သာရဲ့လား.... ဘာ စားချင်လဲ.... ကျွန်တော် သွားဝယ်ပေးမယ် လေ ... "

    " ကောင်လေး........"

       တရစပ် မေးနေတဲ့ ကောင်လေးကို ခေါ်လိုက်တော့ " ဗျာ " ဟု တစ်လုံးတည်း ထူးလာလေရဲ့ ..။ Jongin ကုတင် ဘေးက ခုံကို ညွှန်ပြကာ ထိုင်ခိုင်းတော့ ခပ်ကုပ်ကုပ် လေး လာထိုင်တဲ့ ကောင်လေး.....။

      " ကောင်လေး... Hyung ကို စိတ်မဆိုးတော့ဘူး မလား ဟင်.... "

     Jongin မေးလိုက်တော့ မျက်နှာငယ်သွားတဲ့ ကောင်လေးဟာ ခေါင်းလေးငုံ့ပြီး.....

     " ကျွန်တော် တောင်းပန်ပါတယ် Hyung .... ကျွန်တော် Hyung အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိတဲ့ အတွက် တောင်းပန်ပါတယ် "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now