Episode 11

3.5K 349 21
                                    

Unicode

    " Kim Jongin ထစမ်းပါ မိုးစင်စင် လင်းနေပြီ အိပ်ပုတ်ရဲ့ "

   " Kim Mira အရှုပ်မ ငါ အားရက်လေး အိပ်ပါရစေလားဟာ "

       မိုးလင်းလင်းချင်း အခန်းထဲ လာပြီး အော်နေသည့် Kim Mira အား အော်ပစ်လိုက်သည်။

ဘယ့်နှယ့် မနက် စောစော စီးစီး ကိုယ့်အိမ် ကိုယ်မနေပဲ သူများ ကို လိုက်နှိုးနေသည်ဟု တွေးမိလိုက်သေး။

Mira က အတင်း ဆွဲထူပြီး

   " Kim Jongin ထစမ်းပါ ငါ့ကို Shopping mall လိုက်ပို့ပေး နော် နော် "

  " နင့်ကား နဲ့ နင်သွားလေ ငါ့ကို ဘာကိစ္စနဲ့ လာခေါ်တာလဲ"

  " ဟာ Jongin ကလည်းဟာ ငါ့ကား ပျက်နေလို့ပါဟ နော် နော် အမကို ကူညီပါဟာ"

  " အေးဟာ အေး အေး "

      ခေါင်းအုံးနဲ့ ပစ်ပေါက်ကာ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။

ပြင်ဆင်ပြီးနောက် သူမ အလိုရှိရာ Shopping mall ဆီ ဦးတည်လိုက်သည်။

__________________

   " Ya! ငါ ဒီဆိုင်မှာပဲ စောင့်မယ် လျှောက် မလိုက်နိုင်ဘူး ပြီးရင် ဒီပြန်လာခဲ့ "

        Jongin အပြောကို Mira က ခေါင်းငြိမ့်ပြကာ ထွက်သွားလေတော့ Jongin ကြက်ကြော်ဆိုင် ကိုသာ ဝင်နေလိုက်သည်။

တစ်ယောက်တည်း ကြက်ကြော်မှာကာ စားနေလိုက်သည်။ ကိုယ်ပိုင်တဲ့ Shopping mall တွေထဲက တစ်ခု ဆိုပေမယ့် ကိုယ့်ကို ဒီmall က လူတွေက CEO မှန်း မသိကြ။

ဒါကြောင့် image ကို ဘေး ချိတ်ကာ အကြိုက်ဆုံး ကြက်ကြော်ကို အပီ ဆွဲနေလိုက်သည်။

သို့သော် ကံကြမ္မာက Kim Jongin အား မျက်နှာသာ ပေးချင်ပုံမရ။

အားရပါးရ ကြက်ကြော်ကို အမဲဖျက်နေသည့် သူ့ ရှေ့သို့ ရောက်လာသည်က ခြေထောက် နှစ်စုံ။

မော့ကြည့်လိုက်တော့ ကောင်လေး၏ သူငယ်ချင်း နှစ်ယောက် Chanyeol နဲ့ Baekhyun....

Baekhyun ပုံက အ​တော်​လေး ရယ်ချင်နေသည့်ပုံ။

   " Hyung တစ်ယောက်တည်းလား "

    Chanyeol မေးတော့ Jongin ခေါင်းခါပြီး

   " မဟုတ်ဘူး ညီရ Hyung ရဲ့ အမ ဝမ်းကွဲနဲ့...... လာ ထိုင်လေ "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now