Episode 15

3.6K 330 21
                                    


Unicode     

  " Yifan!..... Yifan! Yifan! Yifan! "

   " ဟေ့ကောင် တိုးတိုး နေစမ်းကွာ ..... မင်း အသံပြဲကြီးနဲ့ .... အလုပ် လုပ်စမ်းပါ "

    သွား အဖြဲသားနဲ့ အော်နေတဲ့ Kim Jongin အား Yifan ဟောက် လေတော့ ဒင်းက အင့်ခနဲ မျက်နှာ မဲ့ကျသွားလေရဲ့။

အရင်က Cool guy image များမှာ ယခုဆိုလျှင် ပျောက်ကုန်သည်မှာ အစ ရှာမရ။

အခုလည်း Kyungie တို့ အပျော် ခရီး ထွက်မယ့် ကိစ္စမှာ Yifan ကို ပါ လိုက်ခိုင်းနေခြင်းပင်။

အကြောင်းက Yifan လိုက်လျှင် Yifan ကို အကြောင်းပြကာ သူလည်း လိုက်လိမ့်မည်။

ထိုမျှလောက် အသည်း အသန် ဖြစ်နေသော ဒင်းကို Yifan ကျပ်ရမှ ကျေနပ်နိုင်မည်။

သူက Sofa ပေါ်ကနေ ထလာကာ Yifan ပခုံးတွေကို ကိုင်ပြီး

     " ယောက်ဖလောင်း ကို ကူညီစမ်းပါကွာ ​နော်.. ညောင်းနေပြီလား ငါ နှိပ်ပေး၀မလား "

  " ဟေ့ကောင် ... ဟေ့ကောင် တော်ရုံပဲ ဖား "

  " မင်း ကူညီမယ် မလား Yifan ..... "

  " အခြေအနေ အရပဲ .... ဟားဟား"

  " အေးနော်.... Yifan မင်း မကူညီလို့ ကတော့ မင်း design Team A က တစ်​ယောက် ကို ကျိတ်ကြံနေတဲ့ ကိစ္စ ငါ လျှောက် ပြောပစ်မှာ "

  " ဟမ်.......... မင်း.... မင်း... ဘယ်လို လုပ်ပြီး......"

  " ဟဲ ဟဲ Kim Jongin ပါကွ မပိုင်ရင် ခြင်တောင် မရိုက်ဘူး မမိမှာဆိုးလို့ ...... ကဲ ရှင်းရှင်းပဲပြော ကူညီမှာလား မကူညီဘူးလား "

     လူယုတ်မာ အပြုံးမျိုးနဲ့ လိုက်ဖက်လှသော ဒင်း မျက်ခွက်အား ကုတ်ဆွဲ ချင်သည်မှာ Yifan ရဲ့ လတ်တလော ဆန္ဒဖြစ်သည်။

အခုလည်း အဲ့အပြုံးကြီးနဲ့ လာကြည့်နေပြန်တာ ။ ချီး! သူ့ ကို ကျပ်ပါမယ် ဆိုကာမှ ကိုယ်ပဲ ပြန် အကျပ်ခံလိုက်ရတဲ့ Yifan ပါပဲ... ။

    " ကူညီမယ် ကူညီမယ် .........အရူးကောင် Kyungie အနိုင်ကျင့်တာ ခံရပါစေ...... "

  " ကျိန်ဆဲနေတယ် ပေါ့လေ ..... ငါက ကောင်လေး အနိုင်ကျင့်လည်း ပျော်ပျော်ကြီး ခံဦးမှာ ဟား ဟား ......."

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now