Episode 14

3.6K 344 16
                                    

Unicode

" ကဲ ပြောပါဦး Busy bee က ငါ့ကို နေ့လည်စာ ချိန်းတဲ့ ကိစ္စလေး "

အစား အသောက်တွေ မှာ ပြီးပြီးချင်း မေးလာတဲ့ Yifan ကြောင့် Jongin မျက်မှောင် ကျုံ့ လိုက်မိသည်။ Yifan က အသာ ရယ်ကာ

" စတာပါ Jongin ရာ မင်းကလည်း မင်း အခုလို ချိန်းတော့ ကောင်းတောင် ကောင်းသေး မင်းလည်း နေ့လည်စာ စားဖြစ်တာပေါ့ "

" အင်းး...... Yifan ငါ မင်းကို ပြောစရာလည်း ရှိလို့ အဟမ်း...."

" ပြောစရာ?? ဟုတ်လား "

" အေးကွ ဟီး"

"ပြောလေ Jongin ......"

" ဒီလိုကွာ ငါ တစ်ခါမှ ရည်းစား မထားဖူးတာ မင်းလည်း သိတယ် နော်"

" အေး ငါ သိတယ်လေ "

" အဲ့တော့ကွာ ..... အခု ငါ ချစ်တဲ့သူ ရှိနေပြီ အဲ့ဒါ....."

" ဘာလဲ...... ဖွင့်ပြောဖို့ ကြောက်နေတာ လား "

" အေး .... ပြီးတော့ကွာ ... မင်း .. ငါ​ယောကျာ်း​လေး​ကို သ​ဘောကျတာ ဆိုရင်​ရော လက်ခံနိုင်လား "

" အေး လက်ခံပါတယ် နေပါဦး အဲ့ဒါနဲ့ ဘာဆိုင်လို့တုန်း Kim jonginရာ... ရှင်းရှင်း ပြော စမ်းပါ မင်း အခု ချစ်နေတာ ယောကျ်ားလေးလား "

" အင်း....ဟိုဟာကွာ..... ငါ မင်းကို ရင်ဖွင့် မလို့ လေ အဲ့ဒါ......"

" ဘာ .... Kim Jongin မင်းကွာ​!!! မင်း ငါ့ အပေါ် အဲ့လို ဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ "

" ဟင် မင်းဘာတွေပြောနေတာတုန်း "

" မင်း ငါ့ကို ကြိုက်နေတာ ဘယ်လောက် ကြာပြီလဲလို့ "

" မင်း​မေ!! သောက်ကျိုးနည်း ....
Yifan မင်းကို ငါ ကြိုက်နေတယ် လို့ ပြောရသေးလို့လား "

" မင်းပဲ ငါ့ကို ရင်ဖွင့်မလို့ဆို "

" သေလေ အဲ့မှာ သေ..သေ မင်းဘိုးအေ မို့ ငါက မင်းကို ကြိုက်ရမှာလားကွ လုပ်ထည့်လိုက်ရ စကားကို ဆုံးအောင် နားထောင်ပါကွာ "

" အေးပါကွာ မင်းကလည်း..... စောစော က ရှင်းအောင် ပြောပါလား "

" ပြောမလို့ပဲလေ မင်း ဆုံးအောင် နားထောင်လို့လား "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now