Episode 04

4.6K 452 17
                                    

Unicode

~Happy Birthday ပါ Kyungie မွေးနေ့မှာ ပျော် ရွှင် ပါစေ ~

~ Happy Birthday Kyung Soo ~

ရေချိုးခန်း ထဲက ထွက်လာပြီး ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဝင်လာတဲ့ Msg တွေကို ဖတ်ပြီး ပြုံးလိုက်သည်။

ဒီနေ့ Kyung Soo ရဲ့ 18 နှစ်ပြည့် မွေးနေ့ ။

အဝတ် အစား မြန်မြန်လဲကာ အောက် ထပ်ကို ဆင်းလာလိုက်သည်။

ဒီနေ့ Sunday ဆိုတော့ ဒယ်ဒီ ရော မာမီ ရော ရှိလောက်ပါရဲ့။

သို့သော် ခန့်မှန်းချက်နှင့် တက်တက်စင်စွာ ဒယ်ဒီ ရဲ့ အခန်းရော မာမီ ရဲ့ အခန်းရော သော့ ခတ်ထားကြသည်။

ထမင်းစားခန်းထဲက ထွက်လာနဲ့ အန်တီလီကို လှမ်းကြည့်ကာကို

" အ​န်တီလီ .. ဒယ်ဒီ နဲ့ မာမီ ရော အပြင်သွားတာလား "

" ဟို... ပြန်...ပြန်သွား ကြပါပြီ Kyungလေး "

" ဗျာ !!!!!!! "

Kyung Soo အံ့သြခြင်း ကြီးစွာဖြင့် Sofa ပေါ် ထိုင်ချမိသည်။

အန်တီလီ ကတော့ စိတ်မကောင်းဟန်ဖြင့် ရပ်ကြည့်နေလေသည်။

အန်တီလီက Kyung Soo ရဲ့ 18 နှစ်တာ အကုန်လုံးမှာ တူတူ ရှိနေခဲ့ တာကြောင့် Kyung Soo ရဲ့ အိမ်တွင်းရေးကို နားလည်ထားသူလည်း ဖြစ်သည်။

" အ​န်တီလီ လုပ်စရာ ရှိတာ လုပ်လို့ရပါပြီ ကျွန်တော် အဆင်ပြေပါတယ် "

" Kyung လေးအတွက် အန်တီလီက မီယောဂု ချက်ထားတယ်လေ မွေးနေ့မှာ မီယောဂု တော့ သောက်ရမှာပေါ့ လာ "

လက်ဆွဲကာ ခေါ်သွားတဲ့ အန်တီလီ ကို ငေးကြည့်နေမိသည်။

မိဘတွေကတောင် အလေးမထားတဲ့ သူ့ မွေးနေ့ကို အန်တီလီ က မှတ်မိ နေခဲ့သည်တဲ့လေ။

အန်တီလီ ချပေးတဲ့ မီယောဂုကို သောက်ရင်း မျက်ရည်တွေက အဆက်မပြတ် ကျလာ​တော့ အန်တီလီက ကျောကို ပုတ်ပေးကာ နှစ်သိမ့် လေရဲ့ ။

Kyung Soo မနက်စာစားပြီး ခြေဦးတည့်ရာ ထွက်လာလိုက်သည်။

ပိုက်ဆံအနည်းငယ်သာ ပါပြီး Ph တောင် ပါမလာခဲ့ ။ Han မြစ်ဘေးမှာ တစ်နေကုန် ထိုင်နေမိသည်။ .

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now