Episode 06

4.3K 424 13
                                    


Unicode

Kyung Soo နေ့လည်စာ စားနေရင်း အိပ်ကပ်ထဲက မြည်လာတဲ့ Ph ကို ထုတ်ကြည့်လိုက်တော့ Yifan Hyung .

    " Hello Hyung "

   ✆ ...........✆

    " အဲ့ဒါဆို ပြန်မလာ ဖြစ်သေးဘူးပေါ့ ဟုတ်လား Hyung "

   ✆ ...........✆

  " ရပါတယ် Kyungie အဆင်ပြေတယ် စိတ်မပူနဲ့ အလုပ်သာ ဖြောင့်ဖြောင့် လုပ် "

  ✆ .............✆

  "Nae ဒါပဲနော် အင်း အင်း "

   " Yifan Hyung ဘာဖြစ်လို့လဲ Kyung Soo "

      Ph ချပြီး အိတ်ထဲ ထည့်ထည့်ချင်း ဘေးမှာ ထိုင်နေတဲ့ Chanyeol က မေးလာသည်။
 
    " ဘာမှ မဖြစ်ပါဘူး အလုပ်တွေ မပြတ်သေးလို့ ပြန်လာလို့ မရသေးဘူးလို့ လှမ်းပြောတာပါ"

  "Huh! သူ ဘယ်တုန်းက သွားလိုက်တာလဲ "

  " တနေ့က မနက်ကလေ သူက ငါ့ကို တစ်ညပဲ လို့ပြောသွားတာ အခုက အလုပ်တွေ မပြတ်လို့တဲ့ "

  " ​အော .... ဒါနဲ့ Kyung Soo ငါ ညနေကြရင် Baekhyunee အိမ် သွားမလို့ မင်း တစ်ယောက်တည်း ပြန်လိုက်နော် ရတယ် မလား "

  " ရပါတယ် ကွာ သွားလေ သူ ဒီနေ့ နေမကောင်းလို့ ကျောင်းမလာတော့ မင်း သတိ ရ နေတယ် မလား "

  " အေးကွ ဟီး "

      သွား အဖြဲသားနဲ့ ပြောလာတဲ့ Chanyeol ရဲ့ လက်မောင်းကို မနာအောင် ခပ်ဖွဖွ ထိုးကာ အပြုံးနဲ့သာ တုန့်ပြန်လိုက်သည်။

ပြီးတော့ ကျောင်း ခေါင်းလောင်း ထိုးသွားတာနဲ့ နှစ်ယောက်လုံး စာသင်ခန်းသို့ ပြန်လည် ချီ တက်လိုက်သည်။

______________________

    " ဟားးး ငါတို့တော့ အချီကြီး ပွတာပဲဟေ့ "

         Kyung Soo နားကြပ်တပ်ကာ လမ်းလျှောက်နေတုန်း သီချင်းပြီးသွားတဲ့ အချိန်နဲ့ တိုင်ဆိုင်စွာ ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ Kyung Soo ထက် အသက်ကြီးပုံ ရသည့် လူ သုံးဦး။ ပြောရရင် ကလေကချေ ပုံစံပါ။

သူတို့ရဲ့ ရှေ့မှာ မိန်းကလေး တစ်ယောက် ။ သူမ ပုံစံက ကြောက်နေသည့် ပုံ။ ထိုသုံးယောက်က သူမကို ဆွဲလား ရမ်းလား လုပ်နေတာဖြစ်မည် ။ Kyung Soo ထို မြင်ကွင်းကို အမြင်ကပ်လာတာကြောင့် သူတို့နား သွားလိုက်ကာ ​ခြေစုံရပ်လိုက်သည်။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now