Episode 10

3.9K 341 4
                                    

Unicode

   " အဲ့တော့ သူက မင်းကို စိတ်ဝင်စား နေတယ်ပေါ့ သူက ဒီလို ပေါ့ "

      ခုံကို နောက် ပြန် ထိုင်ကာ မေးနေတဲ့ Baekhyun ကို စွေစောင်းကာ ကြည့်မိသည် ။

ဟိုနေ့က ကားပေါ်က အခြေ အနေကို ပြန် ပြောပြ မိတာ ကြောင့် သူထင်သလို ထင်ကြေး ပေးနေခြင်း ပင် ။

ထင်​ကြေး​ပေးတာ​​တောင် ရိုးရိုးမဟုတ်... သူက ဒီလို​ပေါ့ ဟုဆိုကာ ​ပေတံကို ​ကွေးပြ​နေ​သေးသည်။

    " ဘယ်သိမလဲကွာ သူ ​ကွေး လား ဘာလား သိဖို့ မပြောနဲ့ ငါ့ကိုယ်ငါ တောင် ဘာမှန်း မသဲကွဲဘူး "

     သူ့စကား အဆုံး Chanyeol က ရယ်သည်။

   " မင်းသူ့ကို တွေ့ရင် ဘယ်လို ခံစားရလဲ Kyung Soo "

   " Park Chanyeol ရယ် ငါလည်း မသိပါဘူး ဆိုကွာ "

     သူ့ အဖြေကို Chanyeol က မကျေနပ်သည့်နှယ် နှာခေါင်းရှုံ့ သည်။

Baekhyun ကတော့ မရှိသည့် မုတ်ဆိတ်မွှေးကို ပွတ်ကာ ဆရာကြီး ဆိုဒ် နဲ့

   " ငါ ထင်တာ ပြောရရင် မင်းသူ့ကို ချစ်နေပြီ ထင်တယ် ဘာလို့ဆို မင်း သူ့ကို သဝန်တို နေတယ် မလား "

   " အာ...... ဒါနဲ့ ဘာဆိုင်လို့လဲ "

  " Do Kyung Soo ရယ် မင်းကလေ အချစ်နဲ့ ပက်သက်လာရင် တကယ့် ကလေး ပဲ အဲ့တော့ကာ..... အချစ်မှာ ဆရာ တစ်ဆူ ဖြစ်တဲ့ Byun Baekhyun က တာဝန်ယူတယ် "

    ခေါင်းမော့ ရင်ကော့ပြီး ပြောနေတဲ့ Byun Baekhyun တစ်ယောက် Park Chanyeol ၏ မျက်စောင်းကို ရရှိ ပြီးသည့် နောက် ငြိမ် ကျသွားလေ ရဲ့။

Kyung Soo အော်ရယ်တော့ မျက်စောင်းက တထိုးထိုး နဲ့ ။ ထို အချိန် ဆရာမ ဝင်လာတာ ကြောင့် အားလုံး ကိုယ့်နေရာ နှင့် ကိုယ် ဖြစ်သွားကြသည်။ ဆရာမက အတန်း ထဲ ဝင်လာပြီး

   " ကဲ ဒီနေ့ ဆရာမတို့ အတန်းကို ကျောင်းသား သစ် တစ်ယောက် ရောက်လာတယ် "

" Wow "

" ကဲ သားရေ ဝင်ခဲ့ ပါကွယ် "

 ဆရာမ စကား အဆုံးမှာ အတန်း ထဲကို ဝင်လာတဲ့ ကျောင်းသားသစ်။

အတန်းသား အားလုံးက သူ့ကို အာရုံ စိုက်နေပုံ ရသော်ငြား Kyung Soo ကတော့ အိတ်ထဲက စာရေး ကိရိယာ တွေကိုသာ အာရုံစိုက်ပြီး ထုတ်နေမိသည်။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now