Episode 21

3.4K 314 15
                                    

Unicode

      အေးစိမ့်နေတဲ့ ရာသီဥတုကြောင့် Kyung Soo ဝတ်ထားတဲ့ hoodie ကို ဇစ်ဆွဲလိုက်ကာ လမ်းကို ခပ် သွက်သွက် လျှောက်လိုက်သည်။ လက်ထဲက ခေါက်ဆွဲခြောက် ထုပ်ကို တစ်ချက်ကြည့်ကာ

     " ကဲ.... ခေါက်ဆွဲခြောက်လေးတွေရေ.... ဒီနေ့တော့ Hyung ရဲ့ မိတ်ဆွေက  မင်းတို့လေးတွေပဲ  "

      တစ်ယောက်တည်း ရေရွတ်လိုက်ပြီး လမ်းကို ဆက်လျှောက်လိုက်သည်။

လမ်းတစ်လျှောက် လက်ချင်း တွဲကာ လျှောက်နေတဲ့ အတွဲ တစ်ချို့ကို ကြည့်ကာ Hyung ကို သတိရမိသေး..။

Yifan Hyung နဲ့ တူတူ ခရီး သွားတာ ခုထိ ပြန်မလာသေး...။

တစ်ယောက်တည်း ပျင်းပျင်း ရိရိ နဲ့ လျှောက်လာပြီး အိမ်ရှေ့ရောက်တော့ ကားနှစ်စီးက ရပ်ထားသည်။

Kyung Soo ဘယ်က ကားမှန်း  မသိတာကြောင့် အိမ်ထဲ အမြန် ဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ Jongin Hyung , Yifan Hyung နဲ့ Jongin Hyung မိဘတွေ...။ ပိုပြီး အံ့ဩစရာ ကောင်းတာက သူတို့ကို ဧည့်ခံနေတဲ့ သူတွေက Kyung Soo ရဲ့ မိဘတွေ ဖြစ်နေခဲ့သည်။

မတ်တပ်ရပ်ပြီး ကြောင်ကြည့်နေတဲ့ Kyung Soo ကို မြင်သွားတဲ့ Yifan Hyung က

      " Kyungie... လာလေ... ဘာရပ်လုပ်နေတာလဲ..... လာထိုင်လေ... "

   " ဟုတ် Hyung .. "

       Kyung Soo ပြန်ဖြေပြီး ဝင်ထိုင်တော့ ဘေးက Jongin Hyung က ပြုံးပြလာသည်။

     * နေစမ်းပါဦး... ဒီလူကြီးက ဘယ်တုန်းက ပြန်ရောက်နေတာတုန်း.... ငါ့လည်း အကြောင်း မကြားပါလား.... တွေ့မယ်.... *

       " ကဲ.... သား Kyung Soo သဘောကရော.... လက်ထပ်ဖို့ ကိစ္စ  အထက်တန်း ဘွဲ့ရရင် လုပ်မယ် ဆိုတာ လက်ခံတယ် မလား...  "

    " ဗျာ.... ဟုတ်... ဟုတ်..... "

        ဦး​လေး က မေးလာတာ ကြောင့် ဟိုလူကြီးကို ကျိန်းဝါးနေတဲ့ အတွေးတွေကနေ ရုန်းထွက်ကာ အမြန် ခေါင်းငြိမ့်ပြီး အဖြေ ပေးလိုက်ရသည်။

ရှေ့က မာမီ နဲ့ ဒယ်ဒီ ကို ကြည့်လိုက်တော့ ပြုံးရွှင်လို့... ။ ဒါကလည်း ဧည့်သည်တွေ ရှေ့မှာမို့လို့ ဆိုတာ အသေအချာ ....။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now