Episode 13

3.8K 352 25
                                    

Unicode

   " အာ ဒီတစ်ထည် မဟုတ်ဘူး "

   " ဒါကြီးကလည်း အဆင်မပြေဘူး "

  " ဒါကြီးက လူကြီးဆန်တယ် ... အား.... ကောင်လေးနဲ့ လျှောက်လည်ဖို့ ဝတ်စရာလည်း မရှိဘူး ဟူး ဘာ ဝတ်ရပါ့ မလဲ "

      Jongin တစ်ယောက် သူဖွထားတဲ့ အဝတ်ပုံထဲ ထိုင်ကာ ခေါင်းကုတ်ပြီး ရေရွတ်နေမိသည်။

Sunday လျှောက်လည်ဖို့ကို Saturday ညနေ စောင်း ကတည်းက အိမ်ပြန်လာပြီး အဝတ်ပုံ မွှေနေခြင်းပင်။

ဖြစ်ချင်တော့ Company အလုပ်တွေထဲ ပဲ ခေါင်းးစိုက်နေခဲ့တဲ့ Jongin မှာ လူကြီးလူကောင်း ဆန်တဲ့ အဝတ်မျိုးတွေသာ ရှိသည်။

Jongin အဝတ်ပုံထဲ ထိုင်ကာ မှိုင်နေတုန်း အခန်းထဲ ဝင်လာတဲ့ Mrs.Kim..

   " ဟယ် သား Jongin ဘာလို့ အဝတ်တွေ ဖွထားတာလဲကွယ် "

  " ဝတ်စရာ မရှိလို့ မာမီရ "

  " ဟေ ဒါတွေက ဝတ်စရာ မဟုတ်လို့ ဘာတွေလဲ Jongin ရဲ့ "

     Mrs.Kim က Jongin ဖွထားတဲ့ အင်္ကျီတွေကို မေးငေါ့ပြကာ ရွဲ့တဲ့တဲ့ မေးလာသည်။ Jongin ကုတင်ပေါ်လူးလိမ့်ကာ

  " မာမီကလည်း ဒါက အကုန် လူကြီးပုံတွေ သားက မနက်ဖြန် အပြင်သွားဖို့ လူငယ်ဆန်တာ ရှာနေတာ "

   " ဘုရား​ရေ! Kim Jongin ငါ နားကြားများ မှားသလား နင်ပဲ လူကြီးလူကောင်း ဆန်အောင် နေမယ် ဆိုပြီး ဒါတွေ ဝယ်တာလေ ခုမှ ဘာထဖြစ်တာလဲ "

   " မသိဘူး မာမီရာ သား မနက်ဖြန် အပြင်သွားမှာ သားကို အင်္ကျီ ဝိုင်းရှာပေး"

     " ဒေါက် .... "

          Jongin စကား အဆုံး ခေါင်းပေါ်ကျလာတဲ့ Mr.Kim ရဲ့ လက်ဆစ်ကို မြည်းစမ်း လိုက်ရသည်။

   " နာတယ် မာမီရ ......  "

   " နာအောင် ခေါက်တာလေ နာမှာပေါ့ Kim Jongin မင်း သေသေချာချာ ပြောစမ်း ချစ်သူ ရှိနေပြီလား "

    Mrs.Kim မေးလိုက်တော့ Jongin ခမျာ အူလည်လည် နဲ့ ။

ချစ်သူ ရှိလားဆိုတော့ ရှိတော့ ရှိတယ် ။ ဒါပေမယ့် မရှိ​သေးဘူး​လေ။

ကိုယ့်ဘက်က ပဲ ချစ်နေရသေးတာ ။ ဖွင့်မှ မပြောရသေးပဲ။ ဒါကြောင့် သူ့ကို ပြူးကြည့်နေတဲ့ Mrs.Kim ကို သွားဖြီးပြကာ

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now