Episode 02

6K 459 13
                                    


Unicode

" CEO အပြင်မှာ ဧည့်သည် ရောက်နေပါတယ် "

" လွှတ်လိုက်ပါ အတွင်းရေးမှူး မင် "

Jongin ,Intercom မှ ထွက်လာတဲ့ စကားကို ပြန်ဖြေကာ အလုပ် ဆက်လုပ်နေ လိုက်သည်။

ခဏကြာတော့ တံခါးကို တွန်း ဖွင့်ပြီး ဝင်လာတဲ့ ရှည်မျောမျော အရိပ်ကြောင့် ဘယ်သူမှန်း အတပ်သိလိုက်သည်။

" Yifan ဘယ်တုန်းက ပြန် ရောက်နေတာလဲ China ရောက်နေတာဆို "

Jongin အမေးစကားကို Yifan က မျက်မှောင်ကြုတ်ပြီး ကြည့်ကာ ​ဒေါကြီး​မောကြီး ​ပြော​တော့သည်။

" Kim Jongin တို့က လုပ်ပြီ မေ့တတ်လိုက်တာ လွန်ရော လွန်ခဲ့တဲ့ တစ်ပတ် ငါ ပြန်ရောက်တဲ့ နေ့ကတည်းက မင်း ကို ph ဆက် ပြောပြီးပါရောလား Kim Jongin... "

"အာ ဟုတ်သားပဲ Sorry Yifan ရာ ငါ မေ့သွားတယ် အလုပ်တွေ ရှုပ်နေတာနဲ့ "

" အဲ့ဒါကြောင့် ပြောတာပေါ့ အလုပ် ကြိုးစားတာလည်း ကြိုးစားတာပေါ့ ဘယ့်နှယ်ကွာ ကြာရင် ကျန်းမာရေး ထိခိုက်မယ်ဟ ... အနား​​လေးဘာ​လေး ယူပါဦး "

" အေးပါကွာ ငါ နားလည်ပါတယ် ငါလည်း လုပ်နိုင်တုန်းလေး လုပ်တာပါကွာ "

"ကဲ အခုရော ဘာ စားပြီးပြီလဲ "

" ဟင့်အင်း ဒါလေး မပြီးသေးလို့ "

" မင်းကြီး​တော်ကို မပြီး​သေး!!!!!! မရတော့ဘူး မင်း လာလိုက်တော့ လာ အခု သွားစားမယ် ညနေ 3:00 ထိုးတာတောင် ဘာမှ မစားရသေးဘူး ဟုတ်လား အလုပ်သရဲရဲ့ "

" အေး အေးပါကွာ ပြီးပါပြီ ခဏလေးပါ မျက်စောင်း သိပ်မထိုးပါနဲ့ကွာ ငါ ပြာ ကျ သွားမှာ ဆိုးလို့ပါ"

"ဟား ဟား ဟား "

ရယ်ရယ် မောမော နဲ့ အလုပ်ကို လက်စ သတ်ပြီး Yifan နဲ့ အတူ နေ့လည်စာ စားဖို့ ထွက်လာ လိုက်သည်။

Yifan အတွက်တော့ ညနေစာ ဖြစ်နိုင်သော်ငြား Jongin အတွက်က ဒီအချိန်က နေ့လည်စာ ချိန်လို ဖြစ်နေပြီ။

စားသောက်ဆိုင်မှာ စားသောက်ပြီး

" ငါ ကမ်းလှမ်းထားတဲ့ ကိစ္စ ဘယ်လို စဉ်းစားလဲ Jongin "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now