1

36.5K 1.3K 55
                                    

တိတ်ဆိတ်နေတဲ့ ညအချိန် ! လူသားအားလုံးအနားယူနေတဲ့အချိန်ပေါ့ ကြယ်လေးတွေလဲလင်းလို့ ကျယ်ပြောလှတဲ့ကောင်းကင်ကြီးမှာတော့ တစင်းတည်းသော လမင်းးးး

ပြိုင်ဆိုင်သူ ကင်းစွာ တစင်းတည်းထွန်းလင်းနေပေ့မဲ့ အထီးကျန်နေမလားဆိုတာတော့ သူကိုယ်တိုင်ဘဲသိလိမ့်မည်

တခါတရံ ဝိုင်းစက်စွာတည်ရှိသော်လည်း တခါတရံ လခြမ်းအဖြစ်ပြောင်းသွားလိုက်နဲ့ မတူညီစွာ တည်ရှိနေတာဟာ ထူးဆန်းတယ်ရယ်မဟုတ်ပေ့မဲ့လဲ ပုံမှန်တော့မဟုတ်ပြန် ……

သူ့ဘဝလဲဘာထူးလဲ တယောက်တည်းထွန်းလင်းရသည်
တခါတရံ ပြည့်စုံတယ်ထင်သော်လည်း တခါတရံအထီးကျန်စွာ

တကယ်တော့ တွယ်တာရာမရှိ ခိုကိုးရာမရှိ တကောင်ကြွက် လေလွင့်သူ ……
သို့သော်လည်း ဒီဘဝကြီးကသူရုန်းမထွက်မိ အထီးကျန်ခြင်းကပင်နေသားကျနေသလို !!!!

မည်သူ့ကိုမှ ဘဝထဲဆွဲခေါ်ဖို့မစဉ်းစားမိသလို မည်သူ့ဘဝထဲကိုမျှ မဝင်ချင်ပါ … အချစ် ? အယုံကြည်မရှိ .. မေတ္တာတရား ?? အားလုံးအတုအယောင်တွေ …

ရက်စက်သည် ညှာတာမှုမရှိ သွေးအေးသည်
လူသတ်ရင်တောင် မျက်တောင်တချက်မခတ် !!
ပတ်ဝန်းကျင်က ရွံ့ ရှာသော်လည်း သူ့ရှေ့မှတော့ တခွန်းမဟရဲ .
ဝေဖန်လာတဲ့လူတိုင်း ဇာတ်သိမ်းမလှဖြစ်သွားတော့လဲ လမ်းကြောင်းအမှန်တည့်ပေးမည့်သူရယ်မရှိ ……

ခပ်ပေါ့ပေါ့နေ ပေါ့ပေါ့စားသူ့ဘဝဟာ လမ်းဘေးဘဝပေ့မဲ့ မွဲတေမနေခဲ့ !!

သူ့အတွက်ပိုက်ဆံရှာရသည်မှာ မခက်ခဲ … အလုယက်ပိုက်ဆံပေးချင်သူက ခပ်များများးး အလကားတော့မဟုတ်ဘူးပေါ့ တန်ရာ တန်ကြေးတော့ပေးဆပ်ပေးရသည် ..

ရှင်းရှင်းပြောရရင် ကြေးစားလူမိုက် !!
အဆုံးစွန်ထိရက်စက်သည် … ကတိတည်သည် ငွေမျက်နှာကိုပဲကြည့်တယ် လူကိုမကြည့် … ကိစ္စအားလုံးကို သေသပ်စွာ လုပ်နိုင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် အမှောင်လောကမှာတော့ Jeon Jung Kook ဆိုတာ သိပ်ကိုနာမည်ကြီးသည် …

နာကျင်စရာအပြည့်နဲ့ အတိတ်ကို မေ့ဖျောက်ဖို့ကြိုးစားရင်း ဒီလမ်းပေါ်အခြေချမိကာ ရုန်းထွက်လို့မရခဲ့ … အင်းး ရုန်းမထွက်ခဲ့ဆိုပိုမှန်မည် …

Beyond the Hate (Completed)Where stories live. Discover now