7

9.4K 961 41
                                    

ပုံမှန်ရက်များအတိုင်းဘဲ လုပ်စရာထွေထွေထူးထူးရယ်မရှိ...
အေးဆေးစွာ လည်ပတ်နေတဲ့ နေ့ရက်တိုင်းမှာ...အရာရာကနေသားတကျပင် ...

ညဘက် အလုပ်ရှိပါက လုပ်သည် တခါတလေ အခန့်မသင့်ရင်တော့ ဒဏ်ရာရတတ်သည်ပေါ့ ...
သူ့လို လူဆိုးလူမိုက်တယောက်အနေနဲ့တော့ အထူးဆန်းကိစ္စရယ်မဟုတ် !!
ဒီလောကထဲ ဝင်လာတည်းက ဒဏ်ရာ ဒဏ်ချက်တို့နှင့်ရင်းနှီးပြီးသားး
ကြောက်တတ်သည့်သွေးပါမလာတော့လည်း သူ့အလုပ်နဲ့ သူ့ဘဝနဲ့ကတော့ အံဝင်တကျ......

သို့သော် ခုတလော စိတ်တိုင်းမကျသည့်အရာကားး
Kim Tae Hyung!
အတွေးထဲကိုစိုးမိုးလွန်းလှသည် အမှတ်တမဲ့ဆုံတွေ့ခဲ့ရမှ အမှတ်တရရင်းနှီးခဲ့သည်ထင်သော်လည်း အမှတ်မထင်ဘဲ ခွဲခွာသွားပြန်သည် ...

နောက်ဆုံးတခေါက်လာခဲ့သည်ကပင် ၂ ပတ်ကျော်ခဲ့ပြီ
ဝန်ခံရရင်နေ့တိုင်း Kim Tae Hyung ကို မျှော်နေမိသည်ထင်သည်
စတွေ့တည်းက မနှစ်မြို့ခဲ့သော လူတယောက်ကို ခုလိုသတိတရရှိနေခြင်းက ဘာကြောင့်များရယ်မသိ !

မခင်တွယ်ချင်ပါဘူးဆို ဇွတ်မိတ်ဆက်ခဲ့သူ...
မလိုအပ်ပါဘူးဆို အတင်းဂရုစိုက်ခဲ့သူ...
မကြိုဆိုပါဘူးဆို အိမ်ထိရောက်လာခဲ့သူ...

ခုကျတော့~

မျှော်နေမိတယ်ဆိုကာမှရောက်မလာတော့ ...
သူကိုယ်တိုင်လဲ ရောက်မလာလို့ မျှော်နေမိတာလားမသိ

သိရသလောက်ကတော့ Kim Tae Hyung ဟာ သိပ်အောင်မြင်တဲ့ ပြိုင်ဘက်ကင်းစီးပွားရေးအုပ်စုဖြစ်သော CGV group ရဲ့ မန်နေဂျင်းတယောက်တဲ့ ...
ချမ်းသာသူတယောက်လို့ စတွေ့တည်းက သတ်မှတ်မိပေ့မဲ့ ဒီမျှလောက် ခမ်းနားထည်ဝါသူမှန်းမသိခဲ့ ...
ဤကဲ့သို့သောလူမျိုးက သူ့လိုလူကို စိတ်မချခြင်းများစွာဖြင့်ဂရုတစိုက်ရှိပေးခဲ့သည်

သူ့ဒဏ်ရာ ပျောက်ကင်းသွားပြီဟု ပြောလိုက်တည်းက တခါမှပေါ်မလာတော့သည့် Kim Tae Hyung ကို သူအနည်းငယ်တော့ စိတ်တိုချင်ချင်

တကယ်ဆို Kim Tae Hyung ဟာ သိပ်အလုပ်များတဲ့လူတယောက်မို့ သူ့ဆီမလာအားတာလဲ ဖြစ်ချင်ဖြစ်မည်

သို့တည်းမဟုတ် ... ဒဏ်ရာတွေနဲ့သူ့ကို လူပီသစွာ ကူညီပေးရုံသက်သက်ဘဲ သဘောထားခဲ့ခြင်းဖြစ်နိုင်သည်

Beyond the Hate (Completed)Where stories live. Discover now