20 (Final )

14.8K 845 44
                                    

" Han Seo Joon "

စိတ်ထဲမှသာ ရေရွတ်လိုက်မိသည် …
အနည်းငယ် စိုးထိတ်မိသော စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထားရင်း Tae Hyung လက်ကိုသာ ပို၍ဆုပ်ကိုင်ထားလိုက်သည် …

အေးဆေးသော ပုံစံဖြင့် ထိုနေရာသို့ လျှောက်လာလိုက်ခဲ့သည် …
အနည်းဆုံးတော့ ဘေးကချစ်သူအတွက် သူ အားတင်းထားရမည် …
အစိုးရိမ်လွန်နေသော မျက်ဝန်းတို့ဖြင့် သူ့အားကြည့်နေသော ကောင်လေး ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း Han Seo Joon ရဲ့ နံဘေးမှာ ဝင်ထိုင်လိုက်သည် …

" Jeon Jung Kook နော် "

မျက်နှာချင်းမှ အရာရှိရဲ့အမေးအား သူခေါင်းညိမ့်ပြရင်း ထောက်ခံလိုက်သည် …

" ဒီက Han Seo Joon နဲ့ရော ရင်းနှီးပါသလား "

" ရင်းနှီးရလောက်အောင်ထိတော့ မပတ်သက်ခဲ့ပါဘူး "

" ကျတော်တို့ Han Seo Joon ကို ပြန်ပေးဆွဲ အကြမ်းဖက်မှုနဲ့ တရားစွဲထားတယ်ဆိုတာ Jeon Jung Kook သိတယ်နော် "

" သိပါတယ် "

" Han Seo Joon က ပြန်ပေးဆွဲတဲ့ကိစ္စမှာ Jeon Jung Kook ပါ ပါတယ်လို့ ထွက်ဆိုထားပါတယ် "

" ကျတော်လုံးဝမသိပါဘူး အရင်က ဒီကိစ္စအတွက် လာပြောဖူးပေ့မဲ့ ငြင်းခဲ့ပါတယ် "

" ဟုတ်တယ် ဟုတ်တယ် … Jeonကဘဲ ကျတော့်ကို လာကယ်တာပါ "

ခပ်မြန်မြန်လေး ဝင်ပြောလိုက်တဲ့ Tae Hyung …
တော်တော်လေး စိတ်လှုပ်ရှားနေပုံပေါ်သည် …

" Kim Tae Hyung က ဒီအမှုမှာ နစ်နာသူနော် "

" ဟုတ်ပါတယ် "

" Jeon Jung Kook က ခင်ဗျားအပေါ် ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် မကျေနပ်တဲ့ အပြုအမူမျိုး လုပ်တာရှိသလား "

" ဟင့် အင်းးးး တခါမှမလုပ်ဖူးပါဘူး … ဘယ်တော့မှလဲ လုပ်မဲ့သူမဟုတ်ပါဘူး "

" Han Seo Joon ! ခင်ဗျား ဘာပြောချင်သေးလဲ "

အမှုစစ်တဲ့အရာရှိက မေးလိုက်တော့ Han Seo Joon တယောက် မကျေနပ်ဖြစ်သွားသည် … သူစီစဉ်ထားတဲ့ ကိစ္စမှာ Jeon Jung Kook သာ ဝင်မဖျက်ခဲ့ပါက ခုချိန် သူဒီလိုအဖမ်းခံရမည်မဟုတ် …
ထို့အတွက်ကြောင့် Jeon Jung Kook အား လက်စားချေလိုခြင်းဖြစ်သည် …

Beyond the Hate (Completed)Where stories live. Discover now