6

9.4K 973 29
                                    

သာယာသော မနက်ခင်းမှာ နေမင်းရဲ့ကျီစယ်မှုနဲ့အတူ နိုးထလာခဲ့ပြန်သည် …
တကိုယ်ရည်သမားသူ့အတွက်တော့ မရိုးနိုင်တဲ့မနက်စာကား ပေါင်မုန့်ထောပတ်သုတ် နဲ့ ကော်ဖီခါးခါးးး

ပြာလဲ့နေသော ကောင်းကင်မှာ နေမင်းကတော့ သာယာစွာ ထွန်းလင်းလျက် ., ရာသီဥတု သာသာယာယာရှိတာနဲ့ အပြင်သွားဖို့ စဉ်းစားလိုက်မိသည်

ဆေးရုံကဆင်းတည်းက အိမ်ထဲမှာတကုပ်ကုပ်နဲ့သာ …
အခုတော့ ဒဏ်ရာတောင် ပျောက်ကင်းလုနီးပါးဖြစ်နေပြီမို့ လေကောင်းလေသန့်ရှူဖို့ တွေးရင်း အနီးရှိ အနွေးထည် တထည်ကိုယူကာ အပြင်သို့ထွက်ခဲ့သည် …

အေးခနဲ တိုက်လာတဲ့လေတို့ကြောင့် အနွေးထည်ကိုဝတ်လိုက်မိသည်
ဘယ်လောက်ဘဲ နေမင်းကသာယာပါတယ်ပြောပြော ဆောင်းတွင်းအအေးဓါတ်ကိုတော့ အံမတုနိုင် …

မြစ်ကမ်းဘေးသွားထိုင်မယ်စိတ်ကူးဖြင့် ဟန်မြစ်ဘက်သို့ထွက်ခဲ့လိုက်သည် … စုံတွဲ တချို့နဲ့ မိသားစုအနည်းငယ်ကလွဲလို့ လူသိပ်မရှိ …နားရက်လဲ မဟုတ်သဖြင့် အေးဆေးစွာ ထိုင်ချင်တဲ့သူ့အတွက်တော့ ကံကောင်းသည်ဟုဆိုရမည် …

ရေပြင်ကိုဖြတ်ကာ တိုက်ခတ်လာသော လေနုအေးသည် အနည်းငယ်စိုစွတ်နေသယောင်နှင့် သူ့မျက်နှာအား ထိတွေ့လာသည်
တယောက်တည်း ဘာမှမတွေးဘဲ ထိုင်နေရတာကိုကြိုက်သည်
အနှောင်ဖွဲ့ကင်းကင်းနဲ့နေရသောဘဝကို သူတကယ်မြတ်နိုးမိပါသည် ……

လက်ဖျားတို့က အနည်းငယ် အေးလာသဖြင့် အိတ်ကပ်ထဲလက်နှိုက်လိုက်မိချိန်… လက်ထဲမှာ စမ်းမိတဲ့အရာတခု
ဘာပါလိမ့်လို့ထုတ်ကြည့်မိတော့ …

Kim Tae Hyung
CGV Group

သြော် ! သူပေးသွားတဲ့လိပ်စာကဒ်လေးဘဲ …
ခုထိ အိတ်ကပ်ထဲထားထည့်ထားသေးတာလားးး
အဲ့တုန်းတည်းက လွှင့်ပစ်လိုက်ရမှာ

ဆေးရုံကဆင်းပြီး နောက်ရက်တွေ Kim Tae Hyung သူ့ဆီကို မလာတော့ပါ …
သူကရော မျှော်နေမိတာလားး ဝန်ခံရရင်တော့ လာမလားဆိုတဲ့ အတွေးလေးတော့ ရှိခဲ့ဖူးသည် သို့သော် … ဒီနေ့ထိ အတိအကျဆိုရင် လေးရက်မြောက်တဲ့ထိ ပေါ်မလာခဲ့ပါ …

Beyond the Hate (Completed)Where stories live. Discover now