11

8.6K 852 27
                                    

အမိန့်ပေးခိုင်းစေထားတာမျိုးမဟုတ်ဘဲနဲ့ ပြုလုပ်နေမိတဲ့အရာကတော့
နေ့တိုင်း Kim Tae Hyung ကို Company ရှေ့ကသွားစောင့်တာပင် …
Company ထဲသို့ ဝင်သွားတာ တွေ့မှ စိတ်ချလက်ချ အိမ်သို့ပြန်တတ်သည်…
အခုလဲ Kim Tae Hyung အလာကို စောင့်နေခြင်းပင် …

" Jeon စောင့်နေပြန်ပြီလား "

စူပုတ်ပုတ်လေးပြောလာသော Kim Tae Hyung

" အင်း ဒီနေ့စောတယ်နော် "

" နေ့တိုင်းလာလာစောင့်နေတဲ့ အကြောင်းပြချက်က ဘာလဲ Jeon "

" မင်းကို နေ့တိုင်းတွေ့ချင်လို့ပေါ့ "

" ဟားး ဟားး ဟုတ်ပါပြီ နေ့လည်စာ အတူစားကြမလား Jeon "

" မင်း အချိန်ရလို့လား "

" အင်း ဒီနေ့တော့ အားပါတယ် Suga Hyung နဲ့လဲ မတွေ့တာကြာပြီဆိုတော့ သူ့ကိုပါ ခေါ်လိုက်မယ်  Jeon နဲ့ Hyung ကိုလဲ မိတ်ဆက်ပေးရအုံးမယ် "

မခေါ်နဲ့လို့ ပြောချင်သော်လည်း
ချစ်ရသူ စိတ်ငြိုငြင်မည်ကို မလိုလားး…
ကိုယ့်ဘက်ကသာ တဖက်သတ်ချစ်နေရတာ သူကနည်းနည်းတောင်မရိပ်မိခဲ့ဘူးလေ …

ပြောရင်းတောင် Suga ကို ဖုန်းဆက်နေပြီ

" Hyung နေ့လည်အားလား ထမင်းတူတူစားရအောင် "

" ဘာလို့လဲ Hyung ကလည်း… Hyung နဲ့ လူတယောက်ကို မိတ်ဆက်ပေးမလို့ "

"  ဒါဆိုလဲ ပြီးရော နောက်နေ့မှတွေ့မယ် Bye Bye Hyung "

" Hyung ကမအားဘူးတဲ့ Jeon ကိုယ်တို့နှစ်ယောက်ပဲသွားကြတာပေါ့ "

ရင်ထဲမှာပျော်သွားမိတယ်ဆိုတာဝန်ခံပါရစေ…

" ဒါဆို နေ့လည် မင်းအားတဲ့ချိန် ဖုန်းဆက်လိုက် ငါလာခဲ့မယ် "

" အာ Jeon ကတကူးတကကြီးလာနေရမှာ ကိုယ်လာခေါ်လိုက်မယ် "

" ပြီးတာဘဲ ဒါဆို ငါသွားပြီ တခုခုဆိုဖုန်းဆက်နော် "

" OK Jeon "

ခုနောက်ပိုင်း Kim Tae Hyung နဲ့ တွေ့တိုင်းပြောဖြစ်တာက ' တခုခုဆိုဖုန်းဆက် ' ဟူ၍ပင် …
အန္တရာယ်ကိုကြိုမမြင်ရတာတော့ စိတ်ပူရသည်
နူးညံ့သော Kim Tae Hyung အစား မိမိသာ အန္တရာယ်နှင့် ရင်ဆိုင်လိုက်ချင်သည်

Beyond the Hate (Completed)Where stories live. Discover now