18

8.2K 758 33
                                    

" ဒါက ဘယ်နေရာလဲ "

ဂိုဒေါင်ဟောင်းတခုလို ခပ်စုတ်စုတ်အဆောက်အဦးအားကြည့်၍ Tae Hyung မေးလိုက်သည် ...
Jeon ကိုစိုးရိမ်လွန်းသော စိတ်ကြောင့်သာ ဘာမှမတွေးဘဲလိုက်လာခဲ့သော်လည်း ယခုရောက်ရှိသော နေရာမှာ လူနေအိမ်ဟုတောင် ပြောလို့မရသည့် ခပ်နွမ်းနွမ်း အဆောက်အအုံဖြစ်နေသောကြောင့် စိတ်ထဲဘဝင်မကျချင် ...

" ကျတော်က ဆင်းရဲတယ်ဗျ အိမ်အပိုင်ရယ်လို့လဲ မရှိတော့ ဒီနေရာကဘဲ ကျတော့်အိမ် ဖြစ်နေပါပြီ Jung Kook က ဒဏ်ရာတွေနဲ့ဆိုပေ့မဲ့ တခြားနေရာလဲ မရှိတော့ ကျတော့် အိမ်ကိုဘဲ ပို့ထားလိုက်ကြတာ "

ထိုလူရဲ့စကားကြောင့် အားပင်နာသွားရသည် ...
ဆင်းရဲလှသော ဘဝအား ယုန်ထင်ကြောင်ထင် ထင်ခဲ့မိသော မိမိကိုယ့်ကို ဒေါသထွက်မိရသေးသည် ...

" ကဲ ကားပေါ်က ဆင်းရအောင်လေ "

Tae Hyung တို့နှစ်ယောက် ကားပေါ်ကဆင်းလိုက်ချိန်တွင် ထို အိမ်ထဲမှ လူတယောက်ထွက်လာသည် ...

" ရောက်လာပြီလား "

ကြမ်းတမ်းလှသော ပုံစံနှင့် ထိုလူသည် လူဆိုးနှင့်တောင် ဆင်သလိုလို ...
အင်းလေ Club မှာ Jeon နဲ့ ခင်တဲ့သူတွေဆိုပဲ ဒီလောက်တော့ရှိမှပေါ့ ... ရုပ်လေး သနားကမားနဲ့ လူဆိုးလုပ်တာ Jeon တယောက်ပဲရှိမယ်ထင် ...

" Jeon ဘယ်မှာလဲဟင် "

" အထဲဝင်သွားလိုက်ပါ Seo Joon က လိုက်ပြလိုက်အုံး "

" အေး ငါလိုက်ပြလိုက်အုံးမယ် မင်းအပြင်မှာ စောင့်နေနော် "

သူတို့ချင်းသာ နားလည်မည့် မျက်နှာရိပ်ပြလိုက်သည်ကိုတော့ Tae Hyung ဂရုမပြုမိခဲ့ ...

ခုအခြေအနေဟာ Jeon နဲ့သူက လမ်းခွဲထားတဲ့ ချစ်သူတွေ ...
ခုလိုသူလိုက်လာတာကို Jeon ကြိုက်ပါ့မလား ...အနှောင့်အယှက်များဖြစ်သွားမလား ဆိုတဲ့ အတွေးတွေ ဝင်လာပြန်တော့ အထဲဝင်မည့်ခြေလှမ်းများ တုံ့ဆိုင်းသွားရသည် ...

" လာလေ ဘာဖြစ်လို့လဲ "

Han Seo Joon ကတော့ သူ့အကြံတွေ Tae Hyung ရိပ်မိသွားမလားဆိုတဲ့ အတွေးနဲ့ ဟန်လုပ်ပြုံးရင်း မေးလိုက်လေသည်

Beyond the Hate (Completed)Where stories live. Discover now