Company ရှေ့ကို ရောက်တာနဲ့ ကားထဲမှအမြန်ထွက်ကာ အစည်းအဝေးခန်းမဆီသို့ အပြေးလေး သွားလိုက်လေသည်
စောစောမနိုးတတ်တဲ့ကိုယ့်အကျင့်ကြောင့် alarm ပေးထားပြီး စောစောထခဲ့ပေ့မယ့် လမ်းမှာတွေ့တဲ့အဖြစ်အပျက်ကြောင့် အနည်းငယ်တော့နှောင့်နှေးသွားတာအမှန် ...
မီးစိမ်းနေတဲ့ လမ်းကြောင်းးပေါ်ဖြတ်ပြေးတယ်ဆိုတာ ဘယ်လောက်အန္တရာယ်များလွန်းသလဲ မသိနားမလည်တဲ့ ကလေးမို့လို့ အပြစ်တော့မယူရက်
ထူးဆန်းတာက ဟိုလူ
ကလေးငယ်ကို ကူညီပေးသော်လည်း ကြင်နာတဲ့ ပုံစံမျိုးရှိမနေ
သူကားနဲ့တိုက်မိမလိုဖြစ်တာကြောင့် ရှောင်ထွက်မသွားချင်လို့ မေးတော့လည်း စိတ်မရှည်ဟန် ......အရိုင်းဆန်ဆန်မျက်လုံးတွေနဲ့ တခုခုကိုအလိုမကျဟန် မျက်မှောင်ကို လိုသည်ထက်ပိုစွာ ကြုံ့ထားတာက ဘာကြောင့်များပါလိမ့်
အစည်းဝေးခန်းမရှေ့ရောက်တော့မှ လက်ကနာရီကိုတချက်ကြည့်လိုက်သည် ဟူးးး နောက်မကျသေးဘူး
" အားလုံးပဲမင်္ဂလာပါ ကျတော်ရောက်ပါပြီ "
သူနှုတ်ဆက်လိုက်တော့ အားလုံးကလဲ အပြုံးလေးများဖြင့် ပြန်လည်နှုတ်ဆက်လာကြသည်
" မင်္ဂလာပါ မန်နေဂျင်း "
" အာာ CEO ရောက်နေပြီပေါ့ စောင့်နေရလို့တောင်းပန်ပါတယ် "
" အင်း သိရင်ပြီးတာဘဲ ကဲ အပန်းဖြေအိမ်ရာ စီမံကိန်းကနေစပြောလိုက်ရအောင် "
CEO ဆိုတာအခြားမဟုတ် သူ့ရဲ့ဖခင်
သိပ်စည်းကမ်းရှိသလို သိပ်ထက်မြက်လွန်းသည့် Appa ဟာ အချိန်ကိုလည်းလေးစားမှကြိုက်သည် ...အစည်းဝေးပြီးမှဘဲနောက်ကျတဲ့အကြောင်းရင်းပြောဖို့တွေးပြီးအလုပ်ထဲသာအာရုံစိုက်နေလိုက်တော့သည် ...
Skip>>>>>>>
" CEO ရှိလား "
အခန်းရှေ့ကအတွင်းရေးမှူးမလေးအားသူမေးလိုက်သည်
" ဟုတ် မန်နေဂျင်း "
ခေါင်းတချက်ငြိမ့်ပြပြီး အခန်းထဲသို့ဝင်ခဲ့လိုက်သည် ...
ထုံးစံအတိုင်း အလုပ်စားပွဲပေါ်မှာ စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေတဲ့ Appa