13

8.5K 826 55
                                    

အရေးပေါ်အခန်းရဲ့ ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စောင့်နေတာ တစ်နာရီကျော်နေပြီ .. ကျလာတဲ့မျက်ရည်မျက်ရည်မိုးတွေက ထိန်းမရစွာ
ပူလောင်နေတဲ့ရင်ကို အေးမြစေဖို့ စွမ်းဆောင်ခြင်းငှာ မတတ်နိုင် …
ဆောက်တည်ရာမရဖြစ်နေတဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့က မည်သို့မှမဖြစ်နိုင် !

ကိုယ့် ရင်တွေကွဲလုပြီ ချာတိတ်ရယ် …
ကျေးဇူးပြုပြီး သတိရလာပေးပါ ကိုယ့်ကိုချစ်တယ်ဆို …
ခု ကိုယ်ငိုနေတယ်လေ လာချော့ပါအုံးးလား
မင်းရဲ့ရင်ခွင်ကျယ်ကြီးမှာတောင် ကိုယ်မမှေးစက်ရသေးးဘူး
ကိုယ့်ကိုပွေ့ဖက်ခွင့်လေးပေးပါအုံးကွာ …

~Can U Trust Me ~📲📲

" Hyung "

" Tae ငိုနေတာလား ဘာဖြစ်လို့လဲ "

"H..yung ကျတော်လေ …ဟင့် အရမ်း . နာကျင်ရတယ် "

" ဘာတွေဖြစ်နေတာလဲ … Hyung ကိုပြောအုံး Taeခုဘယ်မှာလဲ "

" ဆေးရုံ… အရေးပေါ်အခန်းရှေ့မှာ "

" ဘာ ကိုယ်အခုလာပြီ "

Han Seo Joon ရဲ့ Msg ဝင်လာတည်းက စိတ်ထဲတထင့်ထင့်ဖြစ်နေခဲ့သည်
ခု ဖုန်းဆက်ကြည့်လိုက်တော့ Tae ငိုနေတယ် ဆေးရုံမှာလို့လဲ ပြောတယ် Tae ဘာတွေဖြစ်နေပါလိမ့် !!

စိုးရိမ်စိတ်ကြောင့် ဆေးရုံကို ဘယ်လိုရောက်လာမှန်းမသိတော့ !
သူ ဟိုဟိုဒီဒီလျှောက်ရှာရင်း တနေရာမှာတော့ နံရံကိုမှီကာ ခေါင်းငိုက်စိုက်ရပ်နေသည့် Tae ကိုတွေ့လိုက်ရသည်

" Tae "

" Hyung !"

" Tae ဘာမှမဖြစ်ဘူးမလား ဟင် "

" ကျနော်က ဘာမှမဖြစ်ဘူး Hyung … ဟင့် "

" ဘာလို့ငိုနေတာလဲ Tae ! Hyung ကိုပြောပြ "

" Jeon ဒီအခန်းထဲမှာ တစ်နာရီလောက်ရှိပြီ ထွက်မလာသေးဘူး သွေးတွေလဲ အများကြီး ထွက်ထားတယ် ကျတော်ဘယ်လိုလုပ်ရမလဲ Hyung ရယ် "

" သူက ဘာဖြစ်တာလဲ "

" ကျတော့်ကို ကားနဲ့တိုက်မိတော့မဲ့အချိန် Jeon ကဝင်ခံပေးတာ ခု သူ … သူ "

" မစိုးရိမ်ပါနဲ့ Tae ရယ် သူသတိရလာမှာပါ "

" Hyung သိလား ကျတော်သူ့ကိုချစ်တယ်လို့ ဒီနေ့ပဲပြောဖို့လုပ်ထားတာ … သူနဲ့ လမ်းတူတူလျှောက်ချင်လို့တောင် ကားမယူခဲ့တာ .. ကျတော်ချစ်တယ်ပြောလိုက်လို့ ဝမ်းသာသွားမယ့် သူ့မျက်နှာလေးကိုမြင်ချင်ခဲ့တာ ခုတော့ … "

Beyond the Hate (Completed)Where stories live. Discover now